[Zawgyi]

မိုဘိုင္းဆက္သြယ္ေရးလုပ္ငန္းတြင္ ဦးေဆာင္တီထြင္သူတစ္ဦး အျဖစ္ အခိုင္အမာရပ္တည္လ်က္ရွိေသာ OPPO သည္ ကမာၻလုံးဆိုင္ရာတီထြင္ဆန္းသစ္မႈျပပြဲ (OPPO 2019 Innovation Event) ကို စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕တြင္ ၿပီးခဲ့သည့္သီတင္းပတ္ကုန္က က်င္းပျပဳလုပ္ခဲ့သည္။ ကမာၻ႔ဦးေဆာင္ စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္ေသာ OPPO သည္ ကမာၻ႔ပထမဆုံး 10x lossless zoom ႏွင့္ 5G နည္းပညာတို႔ကို Innovation Event တြင္ မိတ္ဆက္ခဲ့သည္။

OPPO သည္ နိစၥဓူဝလူမႈဝန္းက်င္မွ အလွအပမ်ားကို လူသားအားလုံးမွ်ေဝခံစားေစရမည္ဟူေသာ ရည္႐ြယ္ခ်က္ျဖင့္ ဆန္းသစ္တီထြင္မႈမ်ားျပဳလုပ္လ်က္ရွိသည္။ စမတ္ဖုန္းအသုံးျပဳသူမ်ား၏ လိုအပ္ေနမႈမ်ားကို ျဖည့္ဆည္းလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ OPPO သည္ သုေတသနႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အမ်ားအျပား ရင္းႏွီးျမႇဳပ္ႏွံ၍ စမတ္ဖုန္းေလာကတြင္ ပထမဆုံးျဖစ္ေသာ တီထြင္ထုတ္လုပ္မႈမ်ားကို မၾကာခဏ ဖန္တီးခဲ့ျခင္းျဖစ္သည္။

OPPO သည္ အေဝးတစ္ေနရာမွ ဓာတ္ပုံ႐ိုက္ကူးလွ်င္ပင္ ဓာတ္ပုံအရည္အေသြး က်ဆင္းသြားျခင္းမရွိဘဲ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ဓာတ္ပုံမ်ား႐ိုက္ကူးႏိုင္ၿပီး လက္လႈပ္လွ်င္ပင္ ၾကည္လင္ျပတ္သားသည့္ဓာတ္ပုံမ်ား ရရွိေစႏိုင္သည့္ ကမာၻ႔ပထမဆုံး 10x lossless zoom စမတ္ဖုန္းကင္မရာနည္းပညာကို Innovation Event တြင္ ထုတ္ေဖာ္ျပသခဲ့သည္။ စမတ္ဖုန္းေလာကတြင္ 10x Lossless Zoom ကင္မရာစနစ္ကို ယခုခ်ိန္အထိ ေတြ႕ျမင္ဖူးျခင္း မရွိေသာ္လည္း OPPOက ကင္မရာမွန္ဘီလူးမ်ားကို ေဘးဘက္သို႔ အစီအရီထြက္ရွိလာသည့္ မွန္ဘီလူးစြမ္းအား ၁၀ဆပါ နည္းပညာကို ဖန္တီးခဲ့သည္။

MWC 2019 ပြဲတြင္ OPPO သည္ ၎၏ ပထမဆုံး 5G စမတ္ဖုန္းကိုလည္းေၾကညာခဲ့သည္။ စမတ္ဖုန္းအသစ္တြင္ 5G ကြန္ရက္ခ်ိတ္ဆက္ႏိုင္မႈအျပင္ အားေကာင္းေသာ Snapdragon 855 SoC လည္း ပါရွိသည္။ OPPO သည္ ၂၀၁၅ခုႏွစ္ကတည္းက 5G ထုတ္လုပ္ရန္ ျပင္ဆင္ခဲ့ၿပီး 5G အဂၤါရပ္မ်ားႏွင့္ အက်ိဳးေက်းဇူးမ်ား ပါဝင္မည့္ စိတ္တိုင္းက်စမတ္ဖုန္း ထုတ္လုပ္ႏိုင္ရန္ ဒီဇိုင္းႏွင့္နည္းပညာကို တီထြင္ခဲ့သည္။

Qualcomm ကုမၸဏီဥကၠ႒ Mr. Cristiano Amon က OPPO၏ 5G တီထြင္ဆန္းသစ္မႈကို ယခုကဲ့သို႔ အတည္ျပဳေပးခဲ့သည္။ “OPPO ဟာ 4Gေခတ္မွာ သူတို႔ရဲ႕ဦးေဆာင္မႈကို ျပသခဲ့ၿပီး 5G သို႔ကူးေျပာင္းမႈမွာလည္း ဆက္လက္ဦးေဆာင္သြားဖို႔ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဆက္လက္ပူးေပါင္း ဖန္တီးဖို႔အတြက္ မဟာအခြင့္အေရးႀကီးကို ျမင္ေနရပါတယ္။ Qualcomm ဟာ 5Gရဲ႕ စစ္မွန္တဲ့အလားအလာကို နားလည္သေဘာေပါက္ေစဖို႔ OPPO နဲ႔ အနီးကပ္ေဆာင္႐ြက္သြားဖို႔ ေမွ်ာ္လင့္ထားပါတယ္။” ဟု Mr. Cristiano Amon က ေျပာသည္။

OPPO ၏ ဒုတိယဥကၠ႒ျဖစ္သူ Mr. Anyi Jiang က “မီဒီယာေတြနဲ႔ ပါတနာေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕ပထမဆုံး Innovation Event ကို က်င္းပခြင့္ရလို႔ ဂုဏ္ယူပါတယ္။ တီထြင္ဆန္းသစ္မႈဟာ ကြၽန္ေတာ္တို႔ရဲ႕ ပထမဦးစားေပးျဖစ္ၿပီး စမတ္ဖုန္းအသုံးျပဳသူေတြရဲ႕လက္ထဲကို အနာဂတ္ကို သယ္ေဆာင္ေပးဖို႔ မၾကာေသးခင္ကပဲ ဖန္တီးမႈ အမ်ားအျပား ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဒီကတိကဝတ္ကို ဆက္လက္လုပ္ေဆာင္သြား ဖို႔နဲ႔ ေဈးကြက္ထဲကို တိုးတက္မႈအမ်ားအျပား ယူေဆာင္လာဖို႔ အထူးသျဖင့္ 5G နဲ႔ ဓာတ္ပုံနည္းပညာ ကေန ေမွ်ာ္လင့္ထားပါတယ္။” ဟု ဘာစီလိုနာၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့ေသာ MWC ပြဲတြင္ ေျပာသည္။

Innovation Event သို႔ တက္ေရာက္ခဲ့သူမ်ားသည္ 3D ဖုန္းေခၚဆိုမႈမွသည္ AR ေဈးဝယ္စနစ္အထိပါဝင္ေသာ 5G နည္းပညာအသုံးျပဳတင္ဆက္ျပသမႈႏွင့္ 10x lossless zoom ကို အသုံးျပဳရန္ ျပည့္စုံေသာ ျမင္ကြင္းကို သ႐ုပ္ျပျခင္းကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ခဲ့ရသည္။ OPPO သည္ MWC ပြဲရွိ Ericsson ႏွင့္ Qualcomm ကုမၸဏီမ်ား၏ တင္ဆက္ပြဲမ်ားတြင္လည္း ပါဝင္မည္ျဖစ္သည္။ ယင္းပြဲမ်ားတြင္ OPPO ႏွင့္ Shadow ဂိမ္းကုမၸဏီတို႔ ပူးေပါင္းဖန္တီးထားေသာ SoulCalibur6 ဂိမ္းကို စမ္းသပ္ကစားခြင့္ရမည္ျဖစ္သည္။

[Unicode]

MWC 2019 ပွဲတွင် 5G ကွန်ရက်နှင့် 10x lossless zoomတို့ကို ထုတ်ဖော်ပြသခဲ့သော OPPO

မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်တီထွင်သူတစ်ဦး အဖြစ် အခိုင်အမာရပ်တည်လျက်ရှိသော OPPO သည် ကမ္ဘာလုံးဆိုင်ရာတီထွင်ဆန်းသစ်မှုပြပွဲ (OPPO 2019 Innovation Event) ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာ့ဦးဆောင် စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော OPPO သည် ကမ္ဘာ့ပထမဆုံး 10x lossless zoom နှင့် 5G နည်းပညာတို့ကို Innovation Event တွင် မိတ်ဆက်ခဲ့သည်။

OPPO သည် နိစ္စဓူဝလူမှုဝန်းကျင်မှ အလှအပများကို လူသားအားလုံးမျှဝေခံစားစေရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဆန်းသစ်တီထွင်မှုများပြုလုပ်လျက်ရှိသည်။ စမတ်ဖုန်းအသုံးပြုသူများ၏ လိုအပ်နေမှုများကို ဖြည့်ဆည်းလိုသော ရည်ရွယ်ချက်ဖြင့် OPPO သည် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အများအပြား ရင်းနှီးမြှုပ်နှံ၍ စမတ်ဖုန်းလောကတွင် ပထမဆုံးဖြစ်သော တီထွင်ထုတ်လုပ်မှုများကို မကြာခဏ ဖန်တီးခဲ့ခြင်းဖြစ်သည်။

OPPO သည် အဝေးတစ်နေရာမှ ဓာတ်ပုံရိုက်ကူးလျှင်ပင် ဓာတ်ပုံအရည်အသွေး ကျဆင်းသွားခြင်းမရှိဘဲ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံများရိုက်ကူးနိုင်ပြီး လက်လှုပ်လျှင်ပင် ကြည်လင်ပြတ်သားသည့်ဓာတ်ပုံများ ရရှိစေနိုင်သည့် ကမ္ဘာ့ပထမဆုံး 10x lossless zoom စမတ်ဖုန်းကင်မရာနည်းပညာကို Innovation Event တွင် ထုတ်ဖော်ပြသခဲ့သည်။ စမတ်ဖုန်းလောကတွင် 10x lossless zoom ကင်မရာစနစ်ကို ယခုချိန်အထိ တွေ့မြင်ဖူးခြင်း မရှိသော်လည်း OPPOက ကင်မရာမှန်ဘီလူးများကို ဘေးဘက်သို့ အစီအရီထွက်ရှိလာသည့် မှန်ဘီလူးစွမ်းအား ၁၀ဆပါ နည်းပညာကို ဖန်တီးခဲ့သည်။

MWC 2019 ပွဲတွင် OPPO သည် ၎င်း၏ ပထမဆုံး 5G စမတ်ဖုန်းကိုလည်းကြေညာခဲ့သည်။ စမတ်ဖုန်းအသစ်တွင် 5G ကွန်ရက်ချိတ်ဆက်နိုင်မှုအပြင် အားကောင်းသော Snapdragon 855 SoC လည်း ပါရှိသည်။ OPPO သည် ၂၀၁၅ခုနှစ်ကတည်းက 5G ထုတ်လုပ်ရန် ပြင်ဆင်ခဲ့ပြီး 5G အင်္ဂါရပ်များနှင့် အကျိုးကျေးဇူးများ ပါဝင်မည့် စိတ်တိုင်းကျစမတ်ဖုန်း ထုတ်လုပ်နိုင်ရန် ဒီဇိုင်းနှင့်နည်းပညာကို တီထွင်ခဲ့သည်။

Qualcomm ကုမ္ပဏီဥက္ကဋ္ဌ Mr. Cristiano Amon က OPPO၏ 5G တီထွင်ဆန်းသစ်မှုကို ယခုကဲ့သို့ အတည်ပြုပေးခဲ့သည်။ “OPPO ဟာ 4Gခေတ်မှာ သူတို့ရဲ့ဦးဆောင်မှုကို ပြသခဲ့ပြီး 5G သို့ကူးပြောင်းမှုမှာလည်း ဆက်လက်ဦးဆောင်သွားဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဆက်လက်ပူးပေါင်း ဖန်တီးဖို့အတွက် မဟာအခွင့်အရေးကြီးကို မြင်နေရပါတယ်။ Qualcomm ဟာ 5Gရဲ့ စစ်မှန်တဲ့အလားအလာကို နားလည်သဘောပေါက်စေဖို့ OPPO နဲ့ အနီးကပ်ဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်။” ဟု Mr. Cristiano Amon က ပြောသည်။

OPPO ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Anyi Jiang က “မီဒီယာတွေနဲ့ ပါတနာတွေအတွက် ကျွန်တော်တို့ရဲ့ပထမဆုံး Innovation Event ကို ကျင်းပခွင့်ရလို့ ဂုဏ်ယူပါတယ်။ တီထွင်ဆန်းသစ်မှုဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ပြီး စမတ်ဖုန်းအသုံးပြုသူတွေရဲ့လက်ထဲကို အနာဂတ်ကို သယ်ဆောင်ပေးဖို့ မကြာသေးခင်ကပဲ ဖန်တီးမှု အများအပြား ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီကတိကဝတ်ကို ဆက်လက်လုပ်ဆောင်သွား ဖို့နဲ့ ဈေးကွက်ထဲကို တိုးတက်မှုအများအပြား ယူဆောင်လာဖို့ အထူးသဖြင့် 5G နဲ့ ဓာတ်ပုံနည်းပညာ ကနေ မျှော်လင့်ထားပါတယ်။” ဟု ဘာစီလိုနာမြို့၌ ကျင်းပပြုလုပ်ခဲ့သော MWC ပွဲတွင် ပြောသည်။

Innovation Event သို့ တက်ရောက်ခဲ့သူများသည် 3D ဖုန်းခေါ်ဆိုမှုမှသည် AR ဈေးဝယ်စနစ်အထိပါဝင်သော 5G နည်းပညာအသုံးပြုတင်ဆက်ပြသမှုနှင့် 10x lossless zoom ကို အသုံးပြုရန် ပြည့်စုံသော မြင်ကွင်းကို သရုပ်ပြခြင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ OPPO သည် MWC ပွဲရှိ Ericsson နှင့် Qualcomm ကုမ္ပဏီများ၏ တင်ဆက်ပွဲများတွင်လည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲများတွင် OPPO နှင့် Shadow ဂိမ်းကုမ္ပဏီတို့ ပူးပေါင်းဖန်တီးထားသော SoulCalibur6 ဂိမ်းကို စမ်းသပ်ကစားခွင့်ရမည်ဖြစ်သည်။