OPPO သည် ကမ္ဘာ့အကျော်ကြားဆုံး PC ဂိမ်းထုတ်ဝေသူ Riot Games နှင့် ကုမ္ပဏီ၏ နှစ်ပေါင်းများစွာ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော OPPO နှင့် League of Legends World Championship 2020 (S10) ၏ မိတ်ဖက်ဆောင်ရွက်မှုကို ထုတ်ပြန်ကြေညာလိုက်သည်။ OPPO ၏ Find X2 League of Legends Esports: World 2020 Edition အပါအဝင် IoT ထုတ်ကုန်ဖြစ်သော OPPO Watch League of Legends Limited Edition စသည့် Customized ထုတ်ကုန်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်သည်။ OPPO မှ 2020 World Championship ကို ဂုဏ်ပြုသောအားဖြင့် တရားဝင်သီချင်းနှင့် Collaborative Music Video ကိုလည်း ထုတ်ပြန် တင်ဆက်သွားမည်ဖြစ်သည်။

ယခုနှစ် ဤမိတ်ဖက်ဆောင်ရွက်မှု၏ Theme သည် Gamers များနှင့် OPPO users များအပေါ် လှုံ့ဆော်အားပေးစေမည့် “Be the Legend” Theme ဖြစ်သည်။ League of Legends မှ ကမ္ဘာတစ်ဝန်းရှိ Gamers များကို ထူးခြားသော ပတ်ဝန်းကျင်နှင့် အသိုင်းအဝိုင်းကို ပေးစွမ်း၍ “Legend’s Journey” ကို ကြုံတွေ့နိုင်မည့် အခွင့်အရေးကို ပေးအပ်ခဲ့သည်။ Gamers များသည် သူတို့၏ “Nexus” ကို ကာကွယ်ရန် နေ့၊ ည အချိန်နာရီများစွာကို လေ့ကျင့်ခြင်းဖြင့် စစ်မှန်‌သော Legend တစ်ယောက်ဖြစ်လာရန် ကြိုးစားနေကြသည်။ ဤကဲ့သို့ Game နှင့် Gamers များ၏ စိတ်အားထက်သန်မှုနှင့် ဆန်းသစ်သော စိတ်နှလုံးထားတို့သည် OPPO မှ LOL တွင် တန်ဖိုးထား အသိအမှတ်ပြုသောအချက်ဖြစ်သည်။

အလားတူပင် OPPO Team မှလည်း ကုမ္ပဏီ၏ ဦးတည်အလေးထားမှုများကို စိတ်နှလုံးသွင်းကာ ဆန်းသစ် တီထွင်ခြင်းများနှင့် အဆက်မပြတ် စူးစမ်းရှာဖွေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ OPPO ၏ ထုတ်ကုန်များသည် LOL ပရိသတ်များ အပါအဝင် သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို လိုက်၍ အစဥ်အမြဲ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ ဤ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ OPPO သည် ၎င်း၏ အဆင့်မြင့် Find Series ကို သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီ၏ သွင်ပြင်လက္ခဏာကို ဖော်ဆောင်ပေးနိုင်ရန် အထူးပြုလုပ်ထားပြီး Esports ၏ အောင်မြင်မှုကို သုံးစွဲသူများနှင့်အတူ ဆင်နွှဲ ခဲ့သည်။ OPPO မှ ငယ်ရွယ်သူများအားလုံးကို ၎င်းတို့၏ ထူးခြားသော စွမ်းဆောင်နိုင်ချက်များကို ရှာဖွေတွေ့ရှိနိုင်ရန်နှင့် ကိုယ်တိုင် “Legends” များ ဖြစ်လာကြစေရန် အားပေးလှုံ့ဆော်လျက်ရှိသည်။

OPPO ၏ Global Marketing ဆိုင်ရာ President ဖြစ်သူ William Liu က “LOL Esports ရဲ့ ပထမဦးဆုံး Global Smartphone Partner အနေနဲ့ OPPO က LOL နဲ့ ထပ်မံပူးပေါင်းပြီး သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ်အဆင့်မြင့် Customized ထုတ်ကုန်တွေကို ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ LOL က Esports ရဲ့ သင်္ကေတ တစ်ခုဖြစ်ရုံသာ မကဘဲ OPPO အနေနဲ့ ယုံကြည်တဲ့ တန်ဖိုးတွေဖြစ်တဲ့ ထူးချွန်ကောင်းမွန်လာစေဖို့၊ အမြဲ ကြိုးစားလုပ်ဆောင်နေဖို့နဲ့ သုံးစွဲသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံများကို ဖန်တီးပေးဖို့ စတဲ့ တန်ဖိုးတွေကို အတူမျှဝေကြပါတယ်။ ဒီ စိတ်နှလုံးထားက OPPO Find series ရဲ့ ‘Out of Ordinary’ ဆိုတဲ့ ဆောင်ပုဒ်ကို ထုတ်ဖော်ပြသဖို့ ရည်ရွယ်တာနဲ့ ဆင်တူ ပါတယ်” ဟု ပြောကြားခဲ့သည်။

Riot Games ၏ Head of Global Esports Partnership & Business Development ဖြစ်သူ Naz Aletaha က “ကျွန်တော်တို့ OPPO နဲ့ ပူးပေါင်းပြီး League of Legends Esports ကနေ Inspire ဖြစ်ပြီး ဖန်တီးထားတဲ့ အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေကို ပရိသတ်တွေအတွက် ယူဆောင်ပေးနိုင်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့က OPPO နဲ့ မိတ်ဖက်ဆောင်ရွက်တဲ့ ပထမဆုံး Esports League နှင့် Global Tournament ဖြစ်လာခဲ့ ပြီးတော့ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ဒီဇိုင်းနဲ့ ဆန်းသစ်တီထွင်မှုအပေါ် ထားရှိတဲ့ စိတ်အားထက်သန်မှုကို အမှန်တကယ် တန်ဖိုးထား အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေ အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သုံးစွဲသူများကို အလေးထားဆောင်ရွက်သော အမှတ်တံဆိပ်အနေဖြင့် OPPO သည် သုံးစွဲသူများ၏ စကားသံများကို နားထောင်၍ ၎င်းတို့နှင့် ဆက်သွယ်ရန် အမြဲကြိုးစားလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် OPPO မှ Find X ကို ပြင်သစ်နိုင်ငံ၊ Louvre တွင် မိတ်ဆက်ပေးခဲ့ပြီး OPPO ၏ ဥရောပဈေးကွက်သို့ ပထမဆုံးခြေလှမ်း ဖြစ်လာခဲ့သည်။ အဆိုပါ ဖုန်းသည် ထိုအချိန်က OPPO ၏ အကောင်းဆုံးဒီဇိုင်းနှင့် နည်းပညာပုံရိပ်ဖြစ်ပြီး မီဒီယာများမှ Smart Phone Industry ၏ ဆန်းသစ် တီထွင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုများကို လမ်းဖွင့်မြှင့်တင်ပေးနိုင်ခဲ့သည်ဟု မှတ်ယူခဲ့ကြသည်။ နှစ်နှစ်အကြာတွင် OPPO မှ Industry ထဲတွင် အကောင်းဆုံးသော ဖန်သားပြင်ဖြင့် ဖန်တီးပြုလုပ်ထားသော 5G Flagship စမတ်ဖုန်း Find X2 ကို ထုတ်ပြန်ကြေညာခဲ့သည်။ OPPO သည် ဤ series အပါအဝင် အခြား Smart Devices များနှင့် ပတ်သက်၍ စူးစမ်း လေ့လာခြင်းကို ရပ်တန့်သွားမည် မဟုတ်ဘဲ သုံးစွဲသူများကို ကောင်းမွန်သော အတွေ့အကြုံများ ရရှိစေမည်ဖြစ်သည်။

သုံးစွဲသူများ၏ လိုအပ်ချက်များကို အစဥ်အမြဲ အမှတ်ရလျက် LOL Esports နှင့် နောက်ဆုံးပေါ် အမှတ်တံဆိပ် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့်အတူ OPPO သည် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများဖြင့် ရင်းနှီးသော ဆက်သွယ်မှုရရှိရန် မျှော်မှန်း၍ သာလွန်ကောင်းမွန်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ နှင့် အတွေ့အကြုံများကို ဆက်လက် ယူဆောင်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။

Source – OPPO