OPPO တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tony Chen သည် စက်တင်ဘာလ (၃) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ ၌ ကျင်းပပြုလုပ်ခဲ့သော IFA 2020 Special Edition ပွဲသို့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်ကာ Qualcomm ၏ အဓိက ကဏ္ဍတွင် မိန့်ခွန်းပြောကြားခဲ့သည်။ Tony Chen သည် သူ၏မိန့်ခွန်းထဲတွင် OPPO နှင့် Qualcomm အကြား ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းကို သုံးသပ်တင်ပြပေးခဲ့ပြီး ကုမ္ပဏီ နှစ်ဘက်လုံးမှ ကမ္ဘာလုံးဆိုင်ရာ 5G ထုတ်ကုန်များ ဖြန့်ချိရောင်းချမှုကို အတူတကွပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကို အလေးပေးပြောကြားခဲ့သည်။

“OPPO နှင့် Qualcomm တို့ဟာ အချိန်ကြာရှည်စွာ လက်တွဲလုပ်ကိုင်လာကြတာဖြစ်ပြီးတော့ အလွန်ရင်းနှီပြီး တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုရှိတဲ့ မိတ်ဖက်ကုမ္ပဏီတွေဖြစ်တယ်” ဟု Tony Chen က မှတ်ချက်ချခဲ့သည်။ “ကျွန်တော်တို့အတူ ပူးပေါင်းပြီးတော့ စမတ်ဖုန်းတွေ ဖွံဖြိုးတိုးတက်ဖို့အပြင် အခြားသော နည်းပညာနယ်ပယ်တွေမှာပါ လုပ်ဆောင်ခဲ့ကြတယ်။ ဒီနှစ်မှာလည်း Qualcomm ရဲ့ Snapdragon မိုဘိုင်းပလက်ဖောင်းကို အသုံးပြုပြီးတော့ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေနဲ့ 5G CPE ထုတ်ကုန်တွေကို ဥရောပနဲ့ အခြားနိုင်ငံတကာဈေးကွက်တွေမှာ ဖြန့်ချိရောင်းချခဲ့ပြီး သုံးစွဲသူတွေကို 5G ထုတ်ကုန်ရွေးချယ်မှုနဲ့ အတွေ့အကြုံတွေကို ပိုမိုရရှိစေခဲ့ပါတယ်။ အနာဂတ်မှာလည်း OPPO က Qualcomm နဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ 5G ထုတ်ကုန်တွေ စီးပွားဖြစ် အသုံးပြုနိုင်ဖို့ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

OPPO သည် ကမ္ဘာလုံးဆိုင်ရာ 5G အသုံးပြုမှုကို အရှိန်မြှင့်တင်ရန် Qualcomm နှင့် မိတ်ဖက် မဟာဗျူဟာ ပူးပေါင်းမှုကို အားဖြည့်ရန်စီစဥ်

3G မှ 4G အကူးအပြောင်းတွင် OPPO နှင့် Qualcomm တို့သည် ခိုင်မာသော မိတ်ဖက်အဖြစ်သို့ တိုးတက်ပြောင်းလဲစေ ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ ကြိုက်နှစ်သက်ကြသော စမတ်ဖုန်းထုတ်ကုန်များကို အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင် ခဲ့သည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်များသို့ ဆက်လက်၍ ပူးပေါင်းချဲ့ထွင်ကာ အကောင်းဆုံးထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အတွေ့အကြုံများကို နိုင်ငံဒေသအသီးသီးရှိ သုံးစွဲသူများထံသို့ ယူဆောင်ပေးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် 5G စတင်ခြင်းနှင့်အတူ OPPO သည် Qualcomm ၏ “5G Pioneer Intiative” တွင် ပူးပေါင်း ပါဝင်လာသော ပထမဦးဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် OPPO နှင့် Qualcomm သည် 3D ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော အလင်းနည်းပညာကို အသုံးပြု၍ ကမ္ဘာ့ပထမဆုံး 5G Video Call လုပ်ဆောင်ချက်ကို အောင်မြင်စွာ စမ်းသပ်တင်ပြနိုင်ခဲ့သည်။ ဤ ခေါ်ဆိုမှု လုပ်ဆောင်ချက်သည် 5G စူးစမ်းလေ့လာခြင်း၏ အရေးပါမှုကို ပြသခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် OPPO သည် Qualcomm နှင့် ပူပေါင်း၍ MWC 2019 ၌ 5G ကွန်ရက် စင်စစ်ကို အသုံးပြု၍ ကမ္ဘာ့ပထမဦးဆုံး 5G Smartphone Weibo Video Livestream ကို ကျင်းပပြုလုပ်ခဲ့ပြီး ယုံကြည်စိတ်ချရ၍ မြန်နှုန်းမြင့်ပြီး နှောင့်‌နှေးမှု မရှိသော 5G ဆက်သွယ်‌မှုကို လက်တွေ့ပြသခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် OPPO သည် Qualcomm Snapdragon 855 မိုးဘိုင်းပလက်ဖောင်း ထည့်သွင်းတပ်ဆင်ထားသည့် Reno 5G ဗားရှင်းကို ဥရောပတွင် တရားဝင် မိတ်ဆက်ပေးခဲ့ပြီး ဥရောပ၏ ပထမဆုံး စီးပွားဖြစ် 5G ဖုန်း ဖြစ်လာခဲ့သည်။ ထို့ပြင် OPPO သည် Qualcomm ၏ Snapdragon မိုဘိုင်းပလက်ဖောင်း ထည့်သွင်းအသုံးပြုထားသည့် Find X နှင့် Reno စီးရီး 5G မိုဘိုင်းဖုန်းများကိုလည်း အောင်မြင်စွာ ဖြန့်ချိမိတ်ဆက်ပေးခဲ့၍ ကမ္ဘာတစ်လွှားရှိ သုံးစွဲသူများကို သာလွန်ကောင်းမွန်သော 5G အတွေ့အကြုံများ အပါအဝင် ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် ဂိမ်းများကို ပေးစွမ်းနိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် OPPO နှင့် Qualcomm အကြား မိတ်ဖက်လုပ်ကိုင်မှုသည် CPE ထုတ်ကုန်များနှင့် စမတ်နာရီများ အထိပါ ကျယ်ပြန့်ပါဝင်လာခဲ့ပြီး Qualcomm Snapdragon ချစ်ပ်များ တပ်ဆင်ထားသော အခြားစမတ်ထုတ်ကုန် အမျိုးမျိုးကိုလည်း ပူးပေါင်းထုတ်လုပ်ခဲ့ကြသည်။

ဆန်းသစ်တီထွင်မှုထက်ပိုသည်; OPPO သည် Intelligent Connectivity Ecosystem အသစ် တည်ဆောက်ရန် မိတ်ဖက် ကုမ္ပဏီများနှင့် လက်တွဲလုပ်ကိုင်နေသည်

Tony Chen က “5G က OPPO ရဲ့ ဆန်းသစ်တီထွင်မှုလမ်းကြောင်းအတွက် အဓိကအရေးပါတဲ့ ဦးတည်ချက်ပဲ ဖြစ်ပါတယ်” ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ OPPO သည် 5G နည်းပညာတွင် ရှေ့ဆောင်တီထွင်သူနှင့် တိုးမြှင့်ဖန်တီးသူဖြစ်သည့်အလျောက် 5G ဆက်သွယ်ရေးစံနှုန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုလုပ်ငန်း မူပိုင်ခွင့်များ၊ ထုတ်ကုန်များနှင့် 5G Application သစ်များ စူးစမ်းလေ့လာ ရှာဖွေခြင်းများနှင့် ပတ်သက်ပြီး တိုးတက်သော နည်းပညာဗျူဟာများရှိ၍ ကောင်းမွန်သော နည်းပညာ အခြေခံနှင့် လုပ်ငန်းနယ်ပယ်ထဲတွင် အားသာချက်များ ရှိနေခြင်း ဖြစ်သည်။ OPPO သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ကုမ္ပဏီများနှင့် နီးကပ်စွာ ဆက်လက် လက်တွဲလုပ်ကိုင်သွားမည် ဖြစ်ပြီး ကမ္ဘာအနှံ့ 5G ထုတ်ကုန်များ ဖြန့်ကျက်မှုကို အရှိန်မြှင့်တင်သွားမည်ဖြစ်သည့်အပြင် 5G စံနှုန်း၊ နည်းပညာနှင့် applications များ တိုးတက်မြင့်မားလာစေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

OPPO သည် 3GPP သို့ စံနှုန်းဆိုင်ရာ အဆိုပြုချက်ပေါင်း ၃,၀၀၀ ကျော် တင်သွင်းထားပြီး 5G စံသတ်မှတ်ချက် ဖော် ဆောင်မှုတွင် ပါဝင်လုပ်ဆောင်မှု အရှိဆုံး ဩဇာရှိ စမတ်ဖုန်းထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ OPPO သည် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်လျှောက်လွှာ ၃,၁၀၀ ကျော်တင်သွင်းခဲ့ပြီး 5G စံနှုန်း မူပိုင်ခွင့် လျှောက်လွှာ ၁,၀၀၀ ကျော်ကို ETSI သို့ တရားဝင် တင်သွင်းခဲ့ပြီးဖြစ်သည်။

OPPO သည် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ၏ အမျိုးမျိုးသော 5G ထုတ်ကုန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် Find X2 နှင့် Reno 4 စီရီး ဖုန်းများအပါအဝင် 5G မိုဘိုင်းဖုန်းများကို မတူညီသော ဈေးနှုန်းများဖြင့် မိတ်ဆက်ရောင်းချ ပေးခဲ့သည်။ ထို့ပြင် OPPO သည် 5G, AR/VR နှင့် IoT နည်းပညာများနှင့် ပေါင်းစပ်ထားသော စမတ်ဖုန်းများကို အသုံးပြု၍ VR/AR နှင့် 5G Cloud Games များ စသည့် 5G applications များကို စူးစမ်းလေ့လာရန်နှင့် 5G CPE, OPPO Watch အစ ရှိသော Smart ထုတ်ကုန်များကို မိတ်ဆက်နိုင်ရန် ပြုလုပ်သွားမည်ဖြစ်သည်။ OPPO မှ အသုံးပြုသူများကို အလုံးစုံသော နည်းပညာ အတွေ့အကြုံများကို အပြည့်အဝပေးအပ်သွားမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားဖြစ်ကူးသန်းရောင်းဝယ်ခြင်းနှင့် 5G အသုံးပြုခြင်းကို တိုးမြှင့်နိုင်ရန် လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ အော်ပရေတာ ၇၄ ခုသည် 5G နည်းပညာ၊ ထုတ်ကုန်များနှင့် ဈေးကွက်များအတွက် OPPO နှင့် လက်တွဲကာ “OPPO 5G Landing Project” မှ တစ်ဆင့် ပူးပေါင်းလုပ်ဆောင်နေသည်။ ဤ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံသို့ အကောင်းဆုံးသော 5G အတွေ့အကြုံကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။

အသိဥာဏ်ရှိသော ဆက်သွယ်မှုခေတ် ပေါ်ပေါက်လာသည်နှင့်အမျှ OPPO သည် 5G, AI, AR နှင့် Big Data စသည့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့်သွားမည်ဖြစ်သည်။ “Benfen” ကို Core Value အဖြစ် ထောက်ခံသည့် ကုမ္ပဏီအနေဖြင့် OPPO သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင်ရာတွင် ကမ္ဘာ့ဈေးကွက် စည်းမျဥ်းများနှင့် စံချိန်စံညွှန်းများကို အစဥ်အမြဲ အလေးထား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် လူတိုင်းအတွက် အကျိုးအမြတ်ရရှိစေရန် OPPO သည် 5G မိုဘိုင်းနည်းပညာများ တီထွင် ဆန်းသစ်ရာတွင် ပွင့်လင်းမြင်သာသောစိတ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ industry chain မိတ်ဖက်များနှင့်အတူ လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤနည်းဖြင့် OPPO နှင့် ၎င်း၏ မိတ်ဖက်ကုမ္ပဏီများသည် သုံးစွဲသူများအား လျင်မြန် အဆင်ပြေ၍ စိတ်လှုပ်ရှားဖွယ် နည်းပညာအတွေ့အကြုံများကို ပံ့ပိုးပေးနိုင်ရန်နှင့် အသိဥာဏ်ရှိသော ဆက်သွယ်မှု ဂေဟစနစ်သစ်ကို တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းနေခြင်းဖြစ်သည်။

Source – OPPO