Zawgyi

ၿပီးခဲ့တဲ့စက္တင္ဘာကမွ Oppo A5 (2020) စမတ္ဖုန္းကို အိႏၵိယေစ်းကြက္ထဲသို႔ မိတ္ဆက္လာခဲ့တာပါ။ အခုအခါ အလားတူဟန္းဆက္တစ္ခုဟာ တရုတ္ေစ်းကြက္ကို မတူညီတဲ့အမည္ျဖင့္ ဝင္ေရာက္လာဦးမွာျဖစ္ပါတယ္။

Oppo A11 ဆုိတဲ့အမည္ဟာ China Telecom စာရင္းထဲမွာ ပါဝင္လာခဲ့ၿပီျဖစ္ၿပီး ေစ်းႏႈန္းနဲ႔ အဓိက Specs ေတြကိုပါ ျမင္ေတြ႕ရပါတယ္။ ဒီဖုန္းဟာ Oppo A5 (2020) နဲ႔ တစ္ေထရာတည္းတူညီတာေတာ့ မဟုတ္ဘဲ ကင္မရာပုိင္းမွာ သိသာစြာ ကြဲျပားေနပါတယ္။ ဒါေပမယ့္ က်န္တဲ့အစိတ္အပုိင္းေတြကေတာ့ အမ်ားစုတူညီပါတယ္။

China Telecom မွာေဖာ္ျပထားတဲ့ ပုံထဲမွာေတာ့ 6.5” လက္မ Display မွာ Waterdrop Notch တစ္ခုနဲ႔ မ်က္ႏွာျပင္ကိုေတြ႕ရၿပီး အဆုိပါ Notch ထဲမွာေတာ့ 16MP Selfie ကင္မရာေလး ပါဝင္မွာျဖစ္ပါတယ္။ ေနာက္ဘက္မွာ ေဒါင္လုိက္ထည့္သြင္းထားတဲ့ ကင္မရာသုံးခုနဲ႔ သူ႕ရဲ႕ေဘးမွာ LED Flash နဲ႔အတူ ေတြ႕ရတဲ့ သီးသန္႔ Depth Sensor ေလး သက္သက္ပါဝင္ပါေသးတယ္။

ကင္မရာတစ္ခုလုံးရဲ႕ေအာက္မွာ Fingerprint Scanner ပါဝင္တာေၾကာင့္ ေရွ႕ဘက္ Display ေအာက္မွာ မထည့္သြင္းလာတာကုိၾကည့္ရရင္ သူ႕ Screen ဟာ OLED မဟုတ္ဘဲ LCD ျဖစ္ႏုိင္ေခ်ရွိပါတယ္။ အဓိက ကင္မရာက 48MP ျဖစ္ၿပီး Oppo A5 (2020) မွာပါခဲ့တဲ့ 12MP ထက္ သိသာစြာကြာျခားမွာပါ။

မန္မုိရီမွာ 4 / 128GB ျဖစ္ၿပီး အေျခခံေစ်းႏႈန္းက တရုတ္ယြမ္ ၁၅၉၉ (ျမန္မာေငြသုံးသိန္းခြဲနီးပါး) သတ္မွတ္ထားတာ ေတြ႕ရပါတယ္။ ဒီအခ်က္အလက္ေတြကိုၾကည့္လိုက္ရင္ Oppo A11 ဟာ Oppo A9 (2020) နဲ႔ ပိုနီးစပ္တာကို ေတြ႕ရမွာပါ။ ဒါေပမယ့္ မၾကာခင္မိတ္ဆက္လာတဲ့အခါ ကြဲကြဲျပားျပားသိရမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့စက်တင်ဘာကမှ Oppo A5 (2020) စမတ်ဖုန်းကို အိန္ဒိယဈေးကွက်ထဲသို့ မိတ်ဆက်လာခဲ့တာပါ။ အခုအခါ အလားတူဟန်းဆက်တစ်ခုဟာ တရုတ်ဈေးကွက်ကို မတူညီတဲ့အမည်ဖြင့် ဝင်ရောက်လာဦးမှာဖြစ်ပါတယ်။

Oppo A11 ဆိုတဲ့အမည်ဟာ China Telecom စာရင်းထဲမှာ ပါဝင်လာခဲ့ပြီဖြစ်ပြီး ဈေးနှုန်းနဲ့ အဓိက Specs တွေကိုပါ မြင်တွေ့ရပါတယ်။ ဒီဖုန်းဟာ Oppo A5 (2020) နဲ့ တစ်ထေရာတည်းတူညီတာတော့ မဟုတ်ဘဲ ကင်မရာပိုင်းမှာ သိသာစွာ ကွဲပြားနေပါတယ်။ ဒါပေမယ့် ကျန်တဲ့အစိတ်အပိုင်းတွေကတော့ အများစုတူညီပါတယ်။

China Telecom မှာဖော်ပြထားတဲ့ ပုံထဲမှာတော့ 6.5” လက်မ Display မှာ Waterdrop Notch တစ်ခုနဲ့ မျက်နှာပြင်ကိုတွေ့ရပြီး အဆိုပါ Notch ထဲမှာတော့ 16MP Selfie ကင်မရာလေး ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်မှာ ဒေါင်လိုက်ထည့်သွင်းထားတဲ့ ကင်မရာသုံးခုနဲ့ သူ့ရဲ့ဘေးမှာ LED Flash နဲ့အတူ တွေ့ရတဲ့ သီးသန့် Depth Sensor လေး သက်သက်ပါဝင်ပါသေးတယ်။

ကင်မရာတစ်ခုလုံးရဲ့အောက်မှာ Fingerprint Scanner ပါဝင်တာကြောင့် ရှေ့ဘက် Display အောက်မှာ မထည့်သွင်းလာတာကိုကြည့်ရရင် သူ့ Screen ဟာ OLED မဟုတ်ဘဲ LCD ဖြစ်နိုင်ချေရှိပါတယ်။ အဓိက ကင်မရာက 48MP ဖြစ်ပြီး Oppo A5 (2020) မှာပါခဲ့တဲ့ 12MP ထက် သိသာစွာကွာခြားမှာပါ။

မန်မိုရီမှာ 4 / 128GB ဖြစ်ပြီး အခြေခံဈေးနှုန်းက တရုတ်ယွမ် ၁၅၉၉ (မြန်မာငွေသုံးသိန်းခွဲနီးပါး) သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီအချက်အလက်တွေကိုကြည့်လိုက်ရင် Oppo A11 ဟာ Oppo A9 (2020) နဲ့ ပိုနီးစပ်တာကို တွေ့ရမှာပါ။ ဒါပေမယ့် မကြာခင်မိတ်ဆက်လာတဲ့အခါ ကွဲကွဲပြားပြားသိရမှာဖြစ်ပါတယ်။

Ref – GSM Arena