ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ လူကြိုက်များသည့် OPPO A series ၏ နောက်ဆက်တွဲအဖြစ် စိတ်တိုင်းကျဖွယ် ဖုန်းသုံးစွဲမှု အတွေ့ အကြုံများကို ချိုသာသော စျေးနှုန်းနှင့် ရရှိနိုင်မည့် OPPO A11k ကို မြန်မာနိုင်ငံစျေးကွက်သို့ ယနေ့ စတင် မိတ်ဆက်လိုက်သည်။ OPPO A11k တွင် ကြီးမားကျယ်ပြန့်သည့် 6.22 ” Water Drop Screen ပါရှိကာ လွင့်မျောစီးဆင်းနေသော အလင်းတန်းပုံစံ ပါဝင်သည့် 3D Flowing Blaze ဒီဇိုင်းနှင့်အတူ Deep Blue (နက်ပြာရောင်) နှင့် Flowing Silver (ငွေရောင်) ဟူ၍ လှပသော အရောင် (၂) ရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

OPPO A11k ကို ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ မြန်မာကျပ်ငွေ ၁၅၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် OPPO A11k နှင့်အတူ Mytel Sim card အသစ်ကို တွဲဖက်ဝယ်ယူသူများအနေဖြင့် ဝယ်ယူပြီး တစ်လအတွင်း Data 4GB နှင့် မိနစ် ၄၀၀ အခမဲ့ ဖုန်းပြောဆိုနိုင်ခွင့်တို့ကို လက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ပေးအပ်သွားမည်ဖြစ်သည်။

အလေးချိန် 165g နှင့် အထူ 8.3 mm သာ ရှိသော OPPO A11k သည် သွယ်လျပေါ့ပါးသော ဒီဇိုင်းနှင့်အတူ လက်တွင် ကိုင်တွယ်အသုံးပြုသည့်အခါ အထူးအဆင်ပြေစေမည်ဖြစ်သည်။ ထို့ပြင် 1520 x 720 Resolution ပါဝင်သည့် ကြည့်ရှုမှု အားရစေမည့် 6.22 ” Water Drop Screen တွင် ဖုန်းမှ ထွက်သော အန္တရာယ်ရှိ အလင်းတန်းများကို ကာကွယ်ပေးသော Eye Protection Screen နှင့် Blue Light Shield လည်း ပါဝင်သောကြောင့် ဖုန်းကို စိတ်ကြိုက် ကြာရှည်စွာ အသုံးပြု နိုင်မည် ဖြစ်သည်။

Screen to Body Ratio 89% နှင့်အတူ Corning Gorilla® Glass 3 ကို လည်း အသုံးပြုထားသည်။ ထို့အပြင် ဖုန်းဖွင့်ရာတွင် OPPO ၏ အဆင့်မြင့် Facial Recognition နည်းပညာကို အသုံးပြုထားသောကြောင့် မျက်နှာကို တိကျသေချာစွာ ဖတ်ပြီး 0.08s အတွင်း ဖုန်းကို Unlock ပေးနိုင်သော AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍ Unlock စနစ် (၂) မျိုး ပါရှိသည်။

ဖုန်းနှင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရသည်ကို နှစ်သက်သူများအတွက် OPPO A11k တွင် ကျောဘက်တွင် 13MP နှင့် 2MP AI Camera နှစ်လုံးကို ထည့်သွင်းပေးထားသည်။ ကြည်လင်ပြတ်သား၍ အရောင်အသွေး စိုပြည်သော ပုံရိပ်များကို 13MP Main Camera နှင့် ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်ပြီး 2MP Depth Camera ကလည်း အရည်အသွေးမြင့် Bokeh Effect နှင့် ရှေ့ကြည်နောက်ဝါး ပုံလှလှလေးများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ OPPO ၏ 5MP Front Camera ကလည်း AI Beautification Algorithm ကို အသုံးပြုပြီး တစ်ဦးစီအတွက် သဘာဝကျကျ လှပသော Selfie ပုံများ ရရှိစေရန် ကူညီ ပေးမည်ဖြစ်သည်။ စိတ်ဝင်စားဖွယ် အရည်အသွေးကောင်းမွန်သော ဗီဒီယိုလေးများကို ရိုက်ကူးပြီး Material များ၊ Template များ အစုံအလင်ဖြင့် အလွယ်တကူ တည်းဖြတ်နိုင်သော Soloop Editor ကိုလည်း ထည့်သွင်းပေးထားသည်။

OPPO A11k တွင် Processor speed 2.3GHz အထိ ရှိသော MediaTek Helio P35 octa-core Processor ကို ထည့်သွင်း ထားကာ ကြီးမားသော 4230 mAh Battery နှင့်အတူ Storage အဖြစ် 2GB RAM + 32GB ROM အပြင် 256GB အထိ ထည့်သွင်းအသုံးပြုနိုင်သော 3-card Slot ပါဝင်သောကြောင့် ကောင်းမွန်ကြည်လင်စွာဖြင့် ဗီဒီယို ကြည့်ရှုခံစားနိုင်မှုနှင့် ဖုန်းကို အချိန်ကြာမြင့်စွာ ချောချောမွေ့မွေ့ အသုံးပြု နိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိနိုင်သည်။

Android 9 ကို အခြေခံထားသော ColorOS 6.1 သည် ပိုမို ကောင်းမွန် ဆန်းသစ်ကာ သုံးစွဲမှု အဆင်ပြေအောင် စွမ်းဆောင်ပေးမည်ဖြစ်ပြီး စက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူး အဆင်ပြေစေသော Riding Mode ၊ ကွဲပြားခြားနားသော ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ သုံးစွဲလက်စ App မှ ထွက်စရာ မလိုဘဲ အခြား File များသို့ အလွယ်တကူ ကြည့်ရှုခြင်း၊ Screenshotရိုက်ကူးခြင်းစသည်ဖြင့် ဖုန်းသုံးစွဲမှုကို ပိုမို အဆင်ပြေစေမည့် Smart Sidebar စသည့် အသစ် သစ်သော လုပ်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားသည်။ ထို့ပြင် ဂိမ်းကစားခြင်း၊ သီချင်းနားထောင်ခြင်း၊ ဗီဒီယို ကြည့်ခြင်းစသည်တို့ပေါ်တွင် မူတည်၍ အကောင်းဆုံး အသံ အရည်အသွေး ရရှိအောင် Smart Audio Mode များနှင့် စွမ်းဆောင်ပေးနိုင်သော Dirac Smart Sound Effect လည်း ပါဝင်သောကြောင့် OPPO A11k နှင့် ပိုမို အဆင်မြင့် သက်ဝင်ကောင်းမွန်သော အသံပိုင်းစွမ်းရည်များကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။

ရှင်းလင်းလှပသော အသွင်အပြင်၊ သွယ်လျပေါ့ပါးသော ကိုယ်ထည်နှင့် ကောင်းမွန်သော စွမ်းဆောင်ရည်များပါဝင်သော OPPO A11k နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO A11k Website Page (https://bit.ly/2NWZ8eN) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက်လေ့လာ နိုင်သည်။

Source – OPPO