Oppo ဟာ အိန္ဒိယဈေးကွက်အတွက် သူတို့ရဲ့ Midrange ထုတ်ကုန်စီးရီးကို တိုးမြှင့်ဖို့ အစီအစဉ်ရှိနေပြီး A12 , A52 ဖုန်းတွေနဲ့အတူ အသစ်စက်စက် A11K ဟန်းဆက်ကိုပါ မိတ်ဆက်လာမယ်လို့ သတင်းထွက်လာခဲ့ပါပြီ။

Oppo A11K ဖုန်းဟာ ဒီဖုန်းသစ်သုံးမျိုးထဲမှာ ဈေးအချိုဆုံးဖြစ်လာပြီး ရူပီး ၈၉၉၉ (မြန်မာငွေ ၁ သိန်း ၇ သောင်းနီးပါး) ကျသင့်မှာပါ။ A11k မှာ 6.22” HD+ LCD Display ပါဝင်မှာဖြစ်ပြီး Waterdrop Notch ထဲမှာ 5MP ဆဲလ်ဖီးကင်မရာတစ်လုံး ထည့်သွင်းလာမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ 13MP + 2MP ကင်မရာနဲ့ Fingerprint Scanner တို့ ပါဝင်ပါတယ်။

အတွင်းမှာတော့ MediaTek Helio P35 ချစ်ပ်ဆက် အသုံးပြုထားမှာဖြစ်ပြီး 2GB RAM / 32GB Storage မန်မိုရီ ဖြစ်ပါတယ်။ 4,230 mAh ဘက္ထရီ ပါဝင်မှာဖြစ်ပြီး အားသွင်းစနစ်ကိုတော့ မသိရသေးပါဘူး။ Android 9 Pie အခြေခံထားတဲ့ ColorOS 6.1.2 နဲ့အသုံးပြုရမှာဖြစ်ပါတယ်။

ကိုယ်ထည်အချိုးအစား 155.9 x 75.5 x 8.3mm နဲ့ အလေးချိန် 165g ရှိတဲ့ ဖုန်းဟာ အပြာနဲ့ငွေရောင်နှစ်မျိုး ထွက်ရှိမှာပါ။ A12 နဲ့ A52 အတွက် ဈေးနှုန်းကိုတော့မသိရသေးဘဲ မကြာခင် မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSMArena