OPPO ကနေ Budget Entry စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO A15 ကို မိတ်ဆက်မယ်ဆိုပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ India စျေးကွက်အတွက် OPPO A15 ကို တရားဝင်မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

OPPO A15 စမတ်ဖုန်းဟာ Budget စမတ်ဖုန်းဖြစ်တဲ့အတွက် Display အနေနဲ့ 6.52″ HD+ Resolution ပဲရှိတဲ့ LCD Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ High Refresh Rate ကိုလည်း Support ပြုလုပ်မှာမဟုတ်တဲ့အပြင် Selfie Camera အတွက် Waterdrop Notch Design နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Helio P35 Chipset ကိုအသုံးပြုထားပြီး RAM 3GB နဲ့ 32GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ကို MicroSD Card ကနေတစ်ဆင့်ထပ်မံတိုးချဲ့နိုင်မှာလည်းဖြစ်ပါတယ်။

Camera အနေနဲ့ကတော့ 13MP Primary Sensor + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အနေနဲ့ကတော့ 5MP Sensor ကို အသုံးပြုထားပါတယ်။

Battery အနေနဲ့ကတော့ 4230mAh Battery ပါဝင်မှာဖြစ်ပြီး Android 10 ကိုအခြေခံထားတဲ့ ColorOS 7.2 နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Fingerprint Sensor ကို ကျောဘက်မှာထည့်သွင်းထားသလို Headphone Jack လည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Dynamic Black နဲ့ Mystery Blue ဆိုပြီး မိတ်ဆက်ခဲ့ပြီး စျေးနှုန်းအနေနဲ့ INR 10,990 (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena