OPPO A17k ကို ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ကျပ်ငွေ ၃၃၉,၉၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်။

ဒီဇိုင်း

OPPO A17k တွင် Flat-edged ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး နောက်ဘက်ကာဗာကို အကြမ်းခံစေဖို့အတွက် အဆင့်မြင့် အလွှာများစွာဖြင့် ဖုံးအုပ်ထားကာ လက်ဗွေရာထင်တာနဲ့ ခြစ်ရာ ပွန်းရာထင်တာကို ကာကွယ်နိုင်ပါတယ်။ OPPO A17k ဟာ ဖုန်းမျက်နှာပြင်အကျယ် 6.56” ရှိပြီး အလေးချိန် 189g သာ ရှိပြီး ဖုန်းအထူ 8.3 mm သာ ရှိတဲ့အတွက် လက်ထဲမှာ အံဝင်ခွင်ကျဖြစ်တဲ့ ခံစားချက်ကို ပေးစွမ်းကာ Premium ဆန်တဲ့ ခံစားချက်ကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ်။ နေ့စဥ်စမတ်ဖုန်း သုံးစွဲတဲ့ အတွေ့အကြုံ ကောင်းတွေ ပေးစွမ်းနိုင်ဖို့အတွက်လဲ Side Fingerprint Unlock စနစ်ကို ထည့်သွင်းပေးထားလို့ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

OPPO A17k ဟာ Blue နဲ့ Navy Blue ဆိုပြီး အရောင်နှစ်ရောင် ထွက်ရှိထားပြီး OPPO A17k ရဲ့ Blue အရောင်မှာဆိုရင် နောက်ကျောဘက် ကာဗာမှာ မှန်ကဲ့သို့ ကြည်လင်တဲ့ ဒီဇိုင်းအပြင် အနောက်ကင်မရာ တစ်ဝိုက်ကိုလဲ အားကစားကွင်း ပြေးလမ်းတွေရဲ့ အလှကို ‌ဖန်တီးထားတဲ့ Running Track Camera Design နဲ့ ထုတ်လုပ်ထားပါတယ်။ OPPO A17k ရဲ့ Navy Blue အ‌ရောင်မှာဆိုရင် နောက်ကျောဘက်ကာဗာကို Premium ဆန်တဲ့ ဒီဇိုင်းအတွေ့အကြုံ ပေးစွမ်းမဲ့ အားကစားကွင်းပြေးလမ်းတွေရဲ့ အလှကို ထူးထူးခြားခြား ဖန်တီးထားတဲ့ Premium Fabric Texture Design နဲ့ ပြုလုပ် ထားပါတယ်။

ဘက်ထရီနဲ့ အားသွင်းစနစ်

OPPO A17k မှာဆိုရင် ကြာရှည်ခံပြီး ကြီးမားတဲ့ 5000 mAh ဘက်ထရီ ပါဝင်ထည့်သွင်းထားတဲ့အတွက် App အများအပြား၊ မီဒီယာနှင့် ကင်မရာများ အမြဲတမ်း တစ်ချိန်လုံးအသုံးပြုနေရသူများအတွက် အဆင်ပြေစေမည်ဖြစ်ပြီး ဖုန်းအားသွင်းချိန်ကိုလည်း မြန်မြန်အားပြည့်စေမည့် အားသွင်းစနစ် 10 W Charging ကိုလဲ တပ်ဆင်ထားပါတယ်။

RAM Storage နှင့် Performance

OPPO A17k မှာဆိုရင် Processor အနေနဲ့ MTK G35 ထည့်သွင်းထားပြီး Memory Storage အနေနဲ့ 3GB RAM နှင့် 64GB ROM တို့ပါဝင်တဲ့အပြင် RAM 4GB အထိ တိုးချဲ့နိုင်တဲ့ Extended RAM လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။ RAM တိုးချဲ့မှုစနစ်ဟာ RAM အလွန်လိုအပ်နေတဲ့ App တွေကို ပံ့ပိုးပေးဖို့နဲ့ နှေးကွေးမှုကို လျှော့ချဖို့အတွက် ROM ကို RAM အဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။ OPPO A17k မှာ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 အသုံးပြုထားပြီး App များကို တစ်ခုမှ တစ်ခု ကူးပြောင်းပြီး Multitasking ပြုလုပ်ရာတွင် မြန်ဆန်စေတဲ့ FlexDrop ကိုလဲ ထည့်သွင်းထားပါတယ်။

ကင်မရာ

OPPO A17K မှာ ပုံရိပ်တွေကို ကောင်းမွန်စွာ ရရှိစေဖို့အတွက် AI ပါဝင်တဲ့ 8MP Main Camera နှင့် 5MP Front Camera တို့ တပ်ဆင်ထားပြီး AI စွမ်းဆောင်မှုပါဝင်တဲ့ Portrait Retouching လုပ်ဆောင်ချက် ထည့်သွင်း ထားတဲ့အတွက် တစ်ယောက်တည်းဖြစ်ဖြစ်၊ အဖွဲလိုက်ဖြစ်ဖြစ် Selfie ရိုက်တဲ့အခါ ရုပ်ပုံများကို သဘာဝအတိုင်း လှပစေမှာဖြစ်ပါတယ်။

OPPO A Series အသစ် OPPO A 17k နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Website https://www.oppo.com/mm/smartphones/series-a/a17k/ နဲ့ OPPO Myanmar ၏ Facebook Page https://bit.ly/3izF3hh တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Press Release – OPPO