[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္ မတ္လထဲမွာ OPPO ကုမၸဏီဟာ A1 ဘတ္ဂ်က္ဖုန္းကို Helio P23 နဲ႔ 4GB RAM တုိ႔ျဖင့္ မိတ္ဆက္ခဲ့ပါတယ္။ အဆုိပါဖုန္းကို Spec အနည္းငယ္ေျပာင္းလဲထားတဲ့ A1K အမည္ရ ဟန္းဆက္အသစ္တစ္ခုအား ယခုအခါ ထပ္မံမိတ္ဆက္လာမယ္လို႔ သတင္းထြက္လာခဲ့ပါၿပီ။

အဆုိပါ A1K ဖုန္းအသစ္ကေတာ့ Helio P22 SoC နဲ႔ 2 GB RAM တုိ႔ျဖင့္ တရားဝင္ထြက္ေပၚလာမယ္လို႔ သတင္းထြက္လာပါတယ္။ ဒီစမတ္ဖုန္းဟာ Android Pie ကိုအေျခခံထားတဲ့ ColorOS 6 ကို အသုံးျပဳလာမွာျဖစ္ၿပီး Storage အေနနဲ႔ 32 GB ပါဝင္မွာပါ။

ဘကၳရီအေနနဲ႔ 4,000 mAh ထည့္သြင္းလာမွာျဖစ္ၿပီး အျပင္ပန္းမွာေတာ့ အနီနဲ႔ အနက္ကာလာႏွစ္မ်ဳိး အနည္းဆုံးထြက္ရွိလာမွာပါ။ ေက်ာဘက္မွာ ကင္မရာတစ္လုံးထဲ ပါဝင္မွာျဖစ္ၿပီး ေရွ႕ဘက္မွာ 6” လက္မအရြယ္ Waterdrop Notch တစ္ခုနဲ႔ Display ကိုသုံးစြဲလာမွာ ျဖစ္ပါတယ္။

A1K ဘတ္ဂ်က္ဖုန္းအသစ္အျပင္ OPPO ဟာ A5s ဖုန္းအသစ္ကိုလည္း Helio P35 ခ်စ္ပ္ဆက္၊ 6.2” လက္မအရြယ္ Display ၊ ေက်ာဘက္ Dual ကင္မရာနဲ႔ 4,230 mAh ဘကၳရီတုိ႔ျဖင့္ မၾကာခင္မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ OPPO ကုမ္ပဏီဟာ A1 ဘတ်ဂျက်ဖုန်းကို Helio P23 နဲ့ 4GB RAM တို့ဖြင့် မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါဖုန်းကို Spec အနည်းငယ်ပြောင်းလဲထားတဲ့ A1K အမည်ရ ဟန်းဆက်အသစ်တစ်ခုအား ယခုအခါ ထပ်မံမိတ်ဆက်လာမယ်လို့ သတင်းထွက်လာခဲ့ပါပြီ။

အဆိုပါ A1K ဖုန်းအသစ်ကတော့ Helio P22 SoC နဲ့ 2 GB RAM တို့ဖြင့် တရားဝင်ထွက်ပေါ်လာမယ်လို့ သတင်းထွက်လာပါတယ်။ ဒီစမတ်ဖုန်းဟာ Android Pie ကိုအခြေခံထားတဲ့ ColorOS 6 ကို အသုံးပြုလာမှာဖြစ်ပြီး Storage အနေနဲ့ 32 GB ပါဝင်မှာပါ။

ဘက္ထရီအနေနဲ့ 4,000 mAh ထည့်သွင်းလာမှာဖြစ်ပြီး အပြင်ပန်းမှာတော့ အနီနဲ့ အနက်ကာလာနှစ်မျိုး အနည်းဆုံးထွက်ရှိလာမှာပါ။ ကျောဘက်မှာ ကင်မရာတစ်လုံးထဲ ပါဝင်မှာဖြစ်ပြီး ရှေ့ဘက်မှာ 6” လက်မအရွယ် Waterdrop Notch တစ်ခုနဲ့ Display ကိုသုံးစွဲလာမှာ ဖြစ်ပါတယ်။

A1K ဘတ်ဂျက်ဖုန်းအသစ်အပြင် OPPO ဟာ A5s ဖုန်းအသစ်ကိုလည်း Helio P35 ချစ်ပ်ဆက်၊ 6.2” လက်မအရွယ် Display ၊ ကျောဘက် Dual ကင်မရာနဲ့ 4,230 mAh ဘက္ထရီတို့ဖြင့် မကြာခင်မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena