ပြီးခဲ့တဲ့လထဲမှာ သတင်းတွေခဏခဏထွက်ခဲ့တဲ့ Oppo A31 အမှတ်တံဆိပ်သစ်ကတော့ အင်ဒိုဈေးကွက်ကနေ စတင်ထိုးဖောက်လာခဲ့ပါပြီ။

Oppo ရဲ့ Midrange တန်းစီးရီးအတွက် နောက်ဆုံးရောက် မိသားစုဝင်သစ်ဟာ 6.5” လက်မ HD+ Display ပေါ်မှာ 8MP ဆဲလ်ဖီကင်မရာလေးအတွက် Waterdrop Notch ဒီဇိုင်းနဲ့ရောက်လာခဲ့ပြီး Aspect Ratio က 20:9 ရှိပါတယ်။

နောက်ဘက်မှာတော့ Triple-camera အတွဲပါဝင်ပြီး 12MP အဓိက Sensor, 2MP Portrait နဲ့ 2MP Macro Lens တွေပါ။ နောက်ကျောဘက်အလည်မှာ Fingerprint Scanner ကိုမြင်ရပါတယ်။

အတွင်းမှာတော့ MediaTek Helio P35 ချစ်ပ်ဆက်ကို အသုံးပြုလာကာ 4GB RAM / 128GB Storage မန်မိုရီ အတွဲနဲ့ ဖြစ်ပါတယ်။ Storage ကမနည်းပေမယ့် MicroSD နဲ့ ထပ်မံချဲ့ထွင်နိုင်ဦးမှာပါ။

စက်နှင်စနစ်အနေနဲ့ Android 9 ကိုပဲ အခြေခံထားတဲ့ Oppo ရဲ့ ColorOS 6.1 ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဘက္ထရီက 4,230 mAh ပါ။ A31 ဖုန်းဟာ Mystery Black နဲ့ Fantasy White အရောင်နှစ်မျိုးထွက်ရှိလာပြီး တန်ဖိုးကတော့ ဒေါ်လာ ၁၉၀ (မြန်မာငွေ နှစ်သိန်းရှစ်သောင်းနီးပါး) သာရှိပါတယ်။

Ref – GSM Arena