OPPO ကနေ အခုနောက်ပိုင်းမှာ Mid Range စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း OPPO A33 (2020) နာမည်နဲ့ နောက်ထပ် Mid Range ဖုန်းအသစ်ကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

အဆိုပါ OPPO A33 (2020) ဖုန်းဟာ Model Number အနေနဲ့ “OPPO – CPH2137″ လို့ နာမည်ပေးထားပြီးတော့ Thailand ရဲ့ NBTC Certification ကို ရရှိသွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

OPPO ဟာ ယခင်တုန်းကလည်း A33 နာမည်နဲ့ Mid Range တစ်လုံးမိတ်ဆက်ခဲ့ဖူးပြီးတော့ 5” IPS LCD Display ၊ Qualcomm Snapdragon 410 Chipset ၊ RAM 2GB နဲ့ 16GB Storage တွေပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 8MP Single Back Camera အပြင် 5MP Selfie Camera ပဲပါဝင်တာဖြစ်ပြီး Battery ကလည်း 2400mAh Battery ပဲပါဝင်ပါတယ်။

အဲ့ဒီအတွက် လာမယ့် OPPO A33 (2020) Version မှာတော့ အကုန်လုံးနီးပါးမှာ စွမ်းဆောင်ရည်ပိုကောင်းသွားမှာဖြစ်ပြီး Punch-hole Display ၊ Quad Camera ၊ Fast Charging နဲ့ Chipset အသစ်တွေပါ ပါဝင်လာနိုင်ပါတယ်။ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ OPPO A53 ဖုန်းမှာတော့ 90Hz Refresh Rate ကိုပါ Support ပြုလုပ်ခဲ့တဲ့အတွက် ဒီ OPPO A33 (2020) Edition မှာလည်း High Refresh Rate Display ကို ထည့်ပေးမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China