OPPO ကနေ 90Hz Display ပါဝင်တဲ့ OPPO A53 Mid Range ဖုန်းအသစ်ကို စျေးကွက်ထဲမှာ ရောင်းချနေပြီဖြစ်ပါတယ်။ အခုလည်းစျေးပိုသက်သာတဲ့ OPPO A33 စမတ်ဖုန်းကို India နိုင်ငံမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

OPPO A33 စမတ်ဖုန်းမှာ 6.5″ HD+ LCD Display ပါဝင်မှာဖြစ်ပြီး OPPO A53 လိုမျိုးပဲ 90Hz Refresh Rate နဲ့ 120Hz Touch Sampling Rate ကို Support ပေးနိုင်မှာပါ။ Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 460 Chipset ကို အသုံးပြုထားပြီး RAM 3GB နဲ့ 32GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ MicroSD Card ကနေ ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို အသုံးပြုထားပြီး Primary 13MP Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကိုလည်း 8MP Sensor ကိုမှ Punch-hole Design ပြုလုပ်ထားတာကို တွေ့ရပါတယ်။ Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကိုလည်း Support ပြုလုပ်နိုင်မှာပါ။

OPPO A33 စမတ်ဖုန်းကို အရောင်တွေအနေနဲ့ Moonlight Black သို့မဟုတ် Mint Cream ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Indian Rupees 11,990 (မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် OPPO A53 ထက် စျေးသက်သာပြီး 90Hz Refresh Rate လည်းပါဝင်တဲ့အတွက် Budget ဖုန်းအနေနဲ့ကတော့ မဆိုးဘူးလို့ပြောရမှာပါ။

Ref – XDA-Developer