OPPO ဟာ ယခုလအစောပိုင်းမှာ OPPO F9 နဲ့ F9 Pro စမတ်ဖုန်းတွေကို ColorOS 7 Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုလည်း OPPO ကနေ နောက်ထပ် Mid Range ဖုန်းတွေဖြစ်တဲ့ OPPO A5 (2020) နဲ့ A9 (2020) စမတ်ဖုန်းတွေအတွက်ပါ Android 10 (ColorOS 7) Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့လတုန်းက ဒီ Android 10 ကို အခြေခံထားတဲ့ ColorOS 7 Update ကို Beta Version အနေနဲ့ ရရှိခဲ့ပြီးတော့ ဇွန်လ ၂၄ ရက်နေ့မတိုင်ခင် Stable Update ထုတ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလည်း OPPO ရဲ့ ပြောကြားထားတဲ့ရက်ထက်တောင် ပိုစောပြီး Android 10 အခြေခံထားတဲ့ ColorOS 7 Stable Update ကို ရရှိလာတာပါ။

OPPO ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ Devices အနည်းငယ်အတွက်ပဲ အရင်ထုတ်ပေးနေသေးတာဖြစ်ပြီး မကြာခင်မှာ တခြားသော OPPO A5 (2020) နဲ့ A9 (2020) ဖုန်းတွေအတွက် အမြောက်အများထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခု ColorOS 7 Update နဲ့အတူ UI ပိုင်းပြောင်းလဲမှုတွေ ၊ Ico Design အသစ် ၊ System-wide Dark Theme ၊ Navigation Gesture အသစ်တွေအပြင် Digital Wellbeing Tool အသစ်၊ Game Space Feature ကို Optimized ပိုလုပ်ထားပေးသလို တခြားသော Feature တွေလည်း အများအပြားပါဝင်လာမယ်လို့ သိရပါတယ်။

OPPO A5 (2020) နဲ့ A9 (2020) စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး 6.5″ HD+ Display ၊ Snapdragon 665 Chipset နဲ့ 5000mAh Battery တွေပါဝင်တဲ့ဖုန်းတွေဖြစ်ပါတယ်။

Ref – XDA-Developers