OPPO ဟာ အိန္ဒိယဈေးကွက်အတွက် A-series ဖုန်းသစ်ဖြစ်တဲ့ OPPO A77 4G ကို ပွဲထုတ် ဖြန့်ချိလိုက်ပါတယ်။ ဒီ Midrange ဖုန်းဟာ 6.56-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Helio G35 chipset ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ကျောဘက်က အဓိကကင်မရာကိုတော့ 50MP အဖြစ် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

OPPO ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက A77 5G ကို ဖြန့်ချိခဲ့ပါသေးတယ်။ A77 5G ကတော့ Dimensity 810 chipset နဲ့ဖြစ်ပြီး မျက်နှာပြင်က 90Hz refresh rate ထောက်ပံ့ပေးတာပါ။ ဒါပေမဲ့ A77 4G မှာတော့ 6.56-inch IPS LCD, HD+ resolution နဲ့သာဖြစ်ပြီး Standard refresh rate 60Hz ကိုပဲ ထောက်ပံ့ထားတာပါ။

OPPO A77 4G မှာ Waterdrop notch နဲ့အတူ 8MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ အထက်မှာဖော်ပြခဲ့သလိုပဲ 50MP အဓိကကင်မရာနဲ့အတူ အကူအဖြစ် 2MP depth sensor ကိုပဲ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ဟန်းဆက်ဟာ IP5X dust resistant နဲ့ IPX4 water resistant အဆင့်သတ်မှတ်ချက်တော့ ရှိပါတယ်။

အတွင်းအစိတ်အပိုင်းတွေအနေနဲ့ MediaTek Helio G35 နဲ့အတူ 4GB of RAM ကို တွဲဖက်ပေးထားပြီး သိုလှောင်မှုပမာဏကို 64GB အထိပဲ ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှုပမာဏတိုးမြှင့်ချင်သူတွေအတွက် MiscroSD card slot တော့ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး 33W charging စနစ် ဖြစ်ပါတယ်။

Android 12 အခြေခံ ColorOS 12.1 နဲ့ ဈေးကွက်ထဲရောက်လာတာဖြစ်ပြီး Sunset Orange (Leather), Sky Blue colors တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $196 ဝန်းကျင် ဖြစ်ပါတယ်။

Ref: GSM Arena