OPPO က စွမ်းရည်သင့် A77 5G ကို ကြေညာလိုက်ပါတယ်။ အရွယ်အစား အပြည့်အစုံက 163.8 x 75.1 x 7.99mm ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ် ရှိပါတယ်။ ၆.၅ လက်မ IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

OPPO A77 5G

OPPO A77 5G မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main, 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက် ကင်မရာတွေဟာ 1080p Video Recording ကို ထောက်ပံ့ပါတယ်။ Android 12 OS အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

oppo-a77-5g | papayatop.com

Dimensity 810 Chipset မောင်းနှင်ထားပြီး 6GB LPDDR4x RAM နဲ့ 128GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ 33W SuperVOOC Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Dual SIM Slot ပါပါတယ်။ Wi-Fi 802.11ac, Bluetooth 5.1, GPS, NFC, USB-C Port နဲ့ 3.5mm Audio Jack စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

OPPO A77 5G ကို ၂၉၁ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅၄၀,၀၀၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ Midnight Black နဲ့ Ocean Blue အရောင်တွေ ထုတ်လုပ်ထားပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း အာရှ နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina