OPPO A77s ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ၆၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်။

OPPO A Series အသစ် OPPO A77s ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင်  ၆၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး  Sunset Orange နှင့် Starry Black ဟူ၍ အ‌ရောင်နှစ်ရောင်ဖြင့် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူ ရရှိနိုင်ပြီဖြစ်ပါတယ်။

အံ့သြစရာ ခေတ်မီ ဒီဇိုင်းအသွင်အပြင်

OPPO A77s ဟာ ဖုန်းမျက်နှာပြင် အကျယ် 6.56” ရှိပြီး ပေါပါးတဲ့ 2D Slim Design ဖြင့် လေးထောင့်ဆန်တဲ့ ဘေးထောင့်တွေနဲ့ ခေတ်မီစွာ ဖန်တီးပြုလုပ်ထားပါတယ်။ Sunset Orange အရောင်ဟာ အလေးချိန် 190g နဲ့ အထူ 8.04mm သာ ရှိပြီး Starry Black အရောင်ဟာ အလေးချိန် 187g နဲ့ အထူ 7.99 mm သာ ရှိတဲ့အတွက် အလွယ်တကူ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားနိုင်တဲ့အပြင် နေ့စဥ်ဘဝမှာ Premium ဆန်တဲ့ သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ OPPO A77s ကို အရောင် နှစ်ရောင်ဖြင့် ထုတ်လုပ်ထားပြီး ခေတ်မီလှပတဲ့ အ‌ရောင်ကို ရွေးချယ်ချင်သူတွေအတွက် Sunset Orange အရောင်နဲ့ တည်ငြိမ်ရင့်ကျက် လှပသောအရောင်ကို ဖော်ဆောင် ချင်သူတွေအတွက် Starry Black အရောင် ဟူ၍ စိတ်တိုင်းကျ ရွေးချယ်နိုင်စေရန် ဖန်တီးထုတ်လုပ်ထားပါတယ်။ Sunset Orange အရောင်မှာဆိုရင် ဖုန်း၏ နောက်ကျောဘက်ကို ခြစ်ရာခံနိုင်ရည်ရှိပြီး ကွဲအက်ခြင်းမရှိတဲ့ Fiberglass-Leather ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး ဘေးဘောင်အကွေးတွေကို ရှင်းလင်းတဲ့ အသွင်အပြင် ရရှိအောင် ဆက်ရာမရှိတဲ့ ဘောင်‌ပျောက်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Starry Black အရောင်မှာဆိုရင် လက်ဗွေရာ၊ ခြစ်ရာနဲ့ ပွန်းပဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ OPPO Glow ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။ ထို့ပြင် OPPO A77s ရဲ့ မှန်ဘီလူးကို အလှဆင်ထားတဲ့ ဒီဇိုင်းမှာဆိုရင်လဲ သက်ဆိုင်ရာ ဖုန်းရဲ့ နောက်ကျောဘက်အရောင်တွေနဲ့ အတူတူဖြစ်အောင် ဖန်တီးထုတ်လုပ်ထား ပါတယ်။

ဓာတ်ပုံအရည်အသွေးနဲ့ အဆင့်မြင့်ထားတဲ့ ကင်မရာ

OPPO A77s မှာဆိုရင် ဓာတ်ပုံတွေကို Billion Pixels နဲ့ Extra HD (108 MP) အထိ Quality ရရှိနိုင်တဲ့ Rear Camera 50 MP၊ 2 MP Depth Camera နဲ့ Front Camera 8 MP တို့ ပါဝင်ပါတယ်။ Rear Camera 50 MP မှာဆိုရင် Bokeh Flare Portrait ပါဝင်တဲ့အပြင် Text Scanner၊ Quick Snap နဲ့ AI Beauty တွေလဲ ထည့်သွင်းထားပြီး Front Camera 8 MP မှာဆိုရင် Selfie HDR ပါဝင်တဲ့အတွက် အမှတ်ရစရာ အခိုက်အတန့်တွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အံ့သြစရာကောင်းလောက်အောင် သဘာဝအတိုင်း တိကျကြည်လင်တဲ့ပုံရိပ်တွေကို ရိုက်ကူးရရှိနိုင်မှာဖြစ်ပါတယ်။

ကြီးမားတဲ့ ဘက်ထရီနဲ့ အားသွင်းစနစ်

OPPO A77s မှာ ဖုန်းအားသွင်းဖို့ အချိန်မပေးနိုင်သူတွေနဲ့ ဖုန်းကို အချိန်ကြာကြာ အသုံးပြုလိုသူတွေအတွက် ကြီးမားတဲ့ 5000 mAh ဘက်ထရီ ပါဝင်လာပြီး ဖုန်းအားသွင်းတာ စိတ်ချရစေဖို့ Five Layer Protection ပါဝင်တဲ့ အန္တရာယ်ကင်း အမြန်အားသွင်းစနစ် 33W SUPERVOOC ထည့်သွင်းထားတဲ့အတွက် ၁၀ မိနစ် အားသွင်းရုံနဲ့ ၃ နာရီ ဗီဒီယိုကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းအားသွင်းတာ နာရီဝက်မပြည့်ခင်မှာပဲ ၅၀ ရာခိုင်းနှုန်းအထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

RAM Storage နှင့် Performance

OPPO A77s မှာဆိုရင် ပိုမိုချောမွေ့သော သုံးစွဲမှု အတွေ့အကြုံ ရရှိစေဖို့ Processor အနေနဲ့ Qualcomm Snapdragon 680 (6nm) ထည့်သွင်းထားတဲ့အတွက် ဖုန်းဟန်းခြင်းနဲ့ ပါဝါစားခြင်း မရှိစေဘဲ ပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို အသုံးပြုသူများအနေနဲ့ ခံစားပိုင်ဆိုင်စေမှာပါ။ Memory Storage အနေနဲ့ RAM 8 GB နဲ့ ROM 128 GB တို့ ပါဝင်တဲ့အပြင် 8GB အထိ ထပ်မံ တိုးချဲ့လို့ရတဲ့ RAM Extension လုပ်ဆောင်ချက်လဲ ပါဝင်လာတာကြောင့် သုံးစွဲသူအနေနဲ့ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုနဲ့ ဖိုင်တွေကို စိတ်တိုင်းကျ လွယ်ကူစွာ သိမ်းဆည်းလို့ ရမှာဖြစ်သလို Android 12 ကို အခြေခံထားတဲ့ Color OS 12.1 ကို ထည့်သွင်းထားတဲ့အတွက်ကြောင့် App တွေ တစ်ခုနဲ့ တစ်ခု အကူးအပြောင်းတွေမှာ နှောင့်နှေးနေခြင်း အခက်အခဲတွေကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာ အရည်အသွေး

OPPO A77s မှာ Ultra–Linear Stereo Speaker ပါဝင်လာတဲ့အတွက် အသံအရည်အသွေးကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပြီး Ultra–Linear Stereo speaker နဲ့ Ultra Volume Mode ဟာ Mono Speaker ထက် အသံ ၃ ဆ ပိုမို ကျယ်စေပါတယ်။ ဒါကြောင့် ဂိမ်းဆော့တဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ၊ ဗီဒီယိုကြည့်တဲ့အခါ အသံအရည်အသွေးကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဆူညံသံတွေကြားထဲမှာ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုတွေကို မကြားလိုက်ရဖြစ်မှာကိုလဲ စိုးရိမ်စရာ မလိုတော့ပါဘူး။

OPPO A Series အသစ် OPPO A 77s နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Website https://www.oppo.com/mm/smartphones/series-a/a77s/ နဲ့ OPPO Myanmar ၏ Facebook Page https://bit.ly/3QZXedg တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Press Release – OPPO