Oppo ကုမ္ပဏီကနေ နောက်ထပ် Mid Range ဖုန်းအမျိုးအစားအသစ်တစ်ခုဖြစ်တဲ့ Oppo A79 ဖုန်းကိုမိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Oppo A79 ဖုန်းကလည်း လက်ရှိ စမတ်ဖုန်းတွေအများစုပြောင်းလဲအသုံးပြုနေတဲ့ ၆ လက်မအရွယ် 18:9 Ratio Screen ကိုပဲ အသုံးထားတာဖြစ်ပေမယ့် အခု Oppo A79 ဖုန်းကတော့ OLED Display ကို အသုံးပြုလာတဲ့အတွက် ဈေးတန်းတူဖုန်းတွေထဲမှာ Display တော်တော်လေးကိုကောင်းတယ်လို့ ပြောလို့ရပါတယ်။

Oppo A79 ရဲ့ အခြားသောအချက်အလက်တွေကတော့ MediaTek Helio P23 CPU, RAM 4GB နဲ့ ROM 64GB ပါဝင်တာပဲဖြစ်ပြီး Battery အနေနဲ့ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Oppo A79 စမတ်ဖုန်းမှာ 16 MP ကင်မရာ ၂ လုံးပါဝင်ပြီးတော့ အရှေ့ဘက် Selfie Camera နေရာမှာတစ်ခု၊ အနောက်ဘက် Primary Camera နေရာမှာတစ်ခု နေရာယူထားမှာဖြစ်ပါတယ်။ Back Camera ရဲ့ အောက်မှာတော့ Fingerprint Sensor ပါဝင်မှာဖြစ်ပါတယ်။

Oppo A79 ကို Android Version အနေနဲ့ 7.1.1 Nougat ထည့်သွင်းပေးထားပြီး Color OS 3.2 နဲ့မွမ်းမံထားတာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၃၆၀ ဝန်းကျင်နဲ့ပဲရောင်းချသွားမှာဖြစ်တဲ့အတွက် Mid Range ဖုန်းအနေနဲ့တော့မဆိုးဘူးလို့ပြောရမှာပါ။