[Zawgyi]

ၿပီးခဲ့တဲ့လက Oppo ဟာ A5s စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ အခုအခါ ကုမၸဏီက A5s ကို အနည္းငယ္ တုိးျမွင့္ေျပာင္းလဲထားတဲ့ စမတ္ဖုန္းတစ္လုံးကို A7n အမည္နဲ႔ တရုတ္ႏုိင္ငံတြင္းမွာ ထပ္မံ မိတ္ဆက္လာဦးမွာပါ။

A7n ရဲ႕ သိသာတဲ့ ေျပာင္းလဲခ်က္ကေတာ့ RAM မန္မုိရီပမာဏနဲ႔ ပိုေကာင္းလာတဲ့ ဆယ္ဖီကင္မရာတုိ႔ပါပဲ။ Oppo A7n ဖုန္းမွာ 4GB RAM မန္မုိရီနဲ႔ 16MP ဆယ္ဖီကင္မရာတုိ႔ ပါဝင္လာၿပီး မူလ A5s မွာေတာ့ 3GB RAM နဲ႔ 8MP ဆယ္ဖီကင္မရာတုိ႔သာ ပါဝင္ခဲ့တာပါ။

A7n မွာ 6.2” လက္မအရြယ္ HD+ Display ပါဝင္ၿပီး Helio P35 Soc ကိုအသုံးျပဳထားပါတယ္။ Storage ပမာဏကေတာ့ 64GB ျဖစ္ၿပီး ေနာက္ဘက္မွာ 13MP f/2.2 + 2MP f/2.4 ကင္မရာႏွစ္လုံးပါဝင္တယ္။ Android Oreo အေျခခံ ColorOS 5.2.1 ကိုအသုံးျပဳလာၿပီး Lake Light Green ကာလာနဲ႔ ထြက္လာမွာပါ။

ဒီဖုန္းရဲ႕ေနာက္ဘက္မွာ Fingerprint ဆင္ဆာကို ေတြ႕ႏုိင္သလို ဘကၳရီကေတာ့ 4,230 mAh နဲ႔ ထြက္လာမွာျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ Oppo A7n အတြက္ ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ေစ်းကြက္ေတြကို မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့လက Oppo ဟာ A5s စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါ ကုမ္ပဏီက A5s ကို အနည်းငယ် တိုးမြှင့်ပြောင်းလဲထားတဲ့ စမတ်ဖုန်းတစ်လုံးကို A7n အမည်နဲ့ တရုတ်နိုင်ငံတွင်းမှာ ထပ်မံ မိတ်ဆက်လာဦးမှာပါ။

A7n ရဲ့ သိသာတဲ့ ပြောင်းလဲချက်ကတော့ RAM မန်မိုရီပမာဏနဲ့ ပိုကောင်းလာတဲ့ ဆယ်ဖီကင်မရာတို့ပါပဲ။ Oppo A7n ဖုန်းမှာ 4GB RAM မန်မိုရီနဲ့ 16MP ဆယ်ဖီကင်မရာတို့ ပါဝင်လာပြီး မူလ A5s မှာတော့ 3GB RAM နဲ့ 8MP ဆယ်ဖီကင်မရာတို့သာ ပါဝင်ခဲ့တာပါ။

A7n မှာ 6.2” လက်မအရွယ် HD+ Display ပါဝင်ပြီး Helio P35 Soc ကိုအသုံးပြုထားပါတယ်။ Storage ပမာဏကတော့ 64GB ဖြစ်ပြီး နောက်ဘက်မှာ 13MP f/2.2 + 2MP f/2.4 ကင်မရာနှစ်လုံးပါဝင်တယ်။ Android Oreo အခြေခံ ColorOS 5.2.1 ကိုအသုံးပြုလာပြီး Lake Light Green ကာလာနဲ့ ထွက်လာမှာပါ။

ဒီဖုန်းရဲ့နောက်ဘက်မှာ Fingerprint ဆင်ဆာကို တွေ့နိုင်သလို ဘက္ထရီကတော့ 4,230 mAh နဲ့ ထွက်လာမှာဖြစ်ပါတယ်။ လောလောဆယ်တော့ Oppo A7n အတွက် ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်ဈေးကွက်တွေကို မသိရသေးပါဘူး။

Ref – GSM Arena