[Zawgyi]

OPPO က ၿပီးခဲ့တဲ့ လအနည္းငယ္က A9 2020 ကို အိႏၵိယမွာ ေၾကညာခဲ့ပါတယ္။ လက္ရွိမွာ Marine Green နဲ႔ Space Purple အေရာင္ေတြ ထုတ္လုပ္ထားၿပီး အခုေတာ့ Gradient White အေရာင္ကို အိႏၵိယမွာ မိတ္ဆက္လိုက္ပါတယ္။ အဲဒီမွာ အြန္လိုင္း အျပင္ ေျမျပင္ အေရာင္းဆိုင္ေတြကေန ၀ယ္ယူႏုိင္ပါတယ္။ 4GB RAM Model ကို ၁၅,၉၉၀ ရူပီးနဲ႔ 8GB RAM Model ကို ၁၉,၉၉၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၈၀,၀၀၀ နဲ႔ ၄၂၀,၀၀၀ ေလာက္က်သင့္မွာ ျဖစ္ပါတယ္။

OPPO A9 2020 မွာ ၆.၅ လက္မ HD+ Display ပါၿပီး Waterdrop Sunlight Screen ျဖစ္ပါတယ္။ Resolution က 1600x720p ျဖစ္ၿပီး Screen-to-body Ratio က ၈၉ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Snapdragon 665 SoC ေမာင္းႏွင္ထားၿပီး 4GB or 8GB RAM ေတြ ထည့္သြင္းထားပါတယ္။ Android Pie အေျချပဳ ColorOS 6.0.1 နဲ႔ 128GB Storage ေတြ ပါပါတယ္။ 256GB microSD Card စိုက္ႏိုင္ပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ ကင္မရာ ၄ လံုး ထည့္ထားပါတယ္။ ကင္မရာေတြက 48MP Main , 8MP Ultrawide နဲ႔ 2MP ၂ လံုး ျဖစ္ပါတယ္။ Ultra Night Mode 2.0 နဲ႔ Portrait Stylizers လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ ရုပ္ရွင္အဆင့္ Effects နဲ႔ Color ေတြ သံုးၿပီး ဗီဒီယိုေတြ ဖန္တီးေပးႏုိင္မယ့္ Cinematic Video Style လုပ္ေဆာင္ခ်က္ ပါပါတယ္။  Notch မွာ 16MP Selfie ကင္မရာ တပ္ဆင္ထားၿပီး AI Beautification ပါပါတယ္။

တျခား Device ေတြကို အားသြင္းေပးတဲ့ Reverse Charging ေထာက္ပံ့ထားတဲ့ 5,000mAh Battery ပါပါတယ္။ Game Boost 2.0 နဲ႔ Dual Stereo Speakers ေတြ သံုးႏုိင္ပါတယ္။ Dolby Atmos ရဲ႕ စတီရီယို စပီကာေတြ ထည့္ထားပါတယ္။

Ref : gizmochina

[Unicode]

OPPO A9 2020 အတွက် Gradient White အရောင်ကို အိန္ဒိယမှာ ကြေညာ

OPPO က ပြီးခဲ့တဲ့ လအနည်းငယ်က A9 2020 ကို အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ Marine Green နဲ့ Space Purple အရောင်တွေ ထုတ်လုပ်ထားပြီး အခုတော့ Gradient White အရောင်ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီမှာ အွန်လိုင်း အပြင် မြေပြင် အရောင်းဆိုင်တွေကနေ ဝယ်ယူနိုင်ပါတယ်။ 4GB RAM Model ကို ၁၅,၉၉၀ ရူပီးနဲ့ 8GB RAM Model ကို ၁၉,၉၉၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၈၀,၀၀၀ နဲ့ ၄၂၀,၀၀၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။

OPPO A9 2020 မှာ ၆.၅ လက်မ HD+ Display ပါပြီး Waterdrop Sunlight Screen ဖြစ်ပါတယ်။ Resolution က 1600x720p ဖြစ်ပြီး Screen-to-body Ratio က ၈၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 665 SoC မောင်းနှင်ထားပြီး 4GB or 8GB RAM တွေ ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု ColorOS 6.0.1 နဲ့ 128GB Storage တွေ ပါပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ ကင်မရာတွေက 48MP Main , 8MP Ultrawide နဲ့ 2MP ၂ လုံး ဖြစ်ပါတယ်။ Ultra Night Mode 2.0 နဲ့ Portrait Stylizers လုပ်ဆောင်ချက်တွေ ပါပါတယ်။ ရုပ်ရှင်အဆင့် Effects နဲ့ Color တွေ သုံးပြီး ဗီဒီယိုတွေ ဖန်တီးပေးနိုင်မယ့် Cinematic Video Style လုပ်ဆောင်ချက် ပါပါတယ်။ Notch မှာ 16MP Selfie ကင်မရာ တပ်ဆင်ထားပြီး AI Beautification ပါပါတယ်။

တခြား Device တွေကို အားသွင်းပေးတဲ့ Reverse Charging ထောက်ပံ့ထားတဲ့ 5,000mAh Battery ပါပါတယ်။ Game Boost 2.0 နဲ့ Dual Stereo Speakers တွေ သုံးနိုင်ပါတယ်။ Dolby Atmos ရဲ့ စတီရီယို စပီကာတွေ ထည့်ထားပါတယ်။

Ref : gizmochina