[Zawgyi]

OPPO က စြမ္းရည္သင့္ ဖုန္း ၁ လံုးကို ေၾကညာလိုက္ပါတယ္။ OPPO A9 (2020) လို႔ နာမည္ေပးထားၿပီး ၆.၅ လက္မ HD+ Display ပါပါတယ္။ Screen-to-body Ratio က ၈၉ ရာခုိင္ႏႈန္းပါ။ Notch မွာ 16MP Selfie Camera တပ္ဆင္ထားၿပီး AI Beautification ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ ကင္မရာ ၄ လံုး ထည့္ထားပါတယ္။ ကင္မရာေတြက 48MP Main , 8MP Ultrawide နဲ႔ 2MP ၂ လံုး ျဖစ္ပါတယ္။ Ultra Night Mode 2.0 နဲ႔ Portrait Stylizers လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ ရုပ္ရွင္အဆင့္ Effects နဲ႔ Color ေတြ သံုးၿပီး ဗီဒီယိုေတြ ဖန္တီးေပးႏုိင္မယ့္ Cinematic Video Style လုပ္ေဆာင္ခ်က္ ပါပါတယ္။

OPPO A9 (2020) မွာ Snapdragon 665 SoC , 4GB or 8GB RAM ေတြ ထည့္သြင္းထားပါတယ္။ Android Pie အေျချပဳ ColorOS 6.0.1 နဲ႔ 128GB Storage ေတြ ပါပါတယ္။ 256GB microSD Card စိုက္ႏိုင္ပါတယ္။

Space Purple နဲ႔ Marine Green အေရာင္ေတြ ထုတ္လုပ္ထားၿပီး အျခား Device ေတြကို အားသြင္းေပးတဲ့ Reverse Charging ေထာက္ပံ့ထားတဲ့ 5,000mAh Battery ပါပါတယ္။ Game Boost 2.0 နဲ႔ Dual Stereo Speakers ေတြ သံုးႏုိင္ပါတယ္။ လက္ရွိမွာ OPPO ရဲ႕ ပါကစၥတန္ ၀က္ဘ္ဆိုက္မွာ စာရင္းတင္ထားၿပီး ဒီလ ၁၆ ရက္ေန႔မွာ အိႏၵိယမွာ ေရာင္းမွာပါ။ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

Quad Camera နဲ့ 5,000mAh Battery ပါတဲ့ OPPO A9 (2020) ကို ကြေညာ

OPPO က စွမ်းရည်သင့် ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ OPPO A9 (2020) လို့ နာမည်ပေးထားပြီး ၆.၅ လက်မ HD+ Display ပါပါတယ်။ Screen-to-body Ratio က ၈၉ ရာခိုင်နှုန်းပါ။ Notch မှာ 16MP Selfie Camera တပ်ဆင်ထားပြီး AI Beautification ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ ကင်မရာတွေက 48MP Main , 8MP Ultrawide နဲ့ 2MP ၂ လုံး ဖြစ်ပါတယ်။ Ultra Night Mode 2.0 နဲ့ Portrait Stylizers လုပ်ဆောင်ချက်တွေ ပါပါတယ်။ ရုပ်ရှင်အဆင့် Effects နဲ့ Color တွေ သုံးပြီး ဗီဒီယိုတွေ ဖန်တီးပေးနိုင်မယ့် Cinematic Video Style လုပ်ဆောင်ချက် ပါပါတယ်။

OPPO A9 (2020) မှာ Snapdragon 665 SoC , 4GB or 8GB RAM တွေ ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု ColorOS 6.0.1 နဲ့ 128GB Storage တွေ ပါပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။

Space Purple နဲ့ Marine Green အရောင်တွေ ထုတ်လုပ်ထားပြီး အခြား Device တွေကို အားသွင်းပေးတဲ့ Reverse Charging ထောက်ပံ့ထားတဲ့ 5,000mAh Battery ပါပါတယ်။ Game Boost 2.0 နဲ့ Dual Stereo Speakers တွေ သုံးနိုင်ပါတယ်။ လက်ရှိမှာ OPPO ရဲ့ ပါကစ္စတန် ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပြီး ဒီလ ၁၆ ရက်နေ့မှာ အိန္ဒိယမှာ ရောင်းမှာပါ။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref : gsmarena