ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Shine Up Your A-Moment” ဟူသော ဆောင်ပုဒ်နှင့် အတူ အတောက်ပဆုံး အခိုက်အတန်းများနှင့် စိတ်ကျေနပ်ဖွယ် စမတ်ဖုန်း အတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် OPPO A92 ကို မြန်မာနိုင်ငံစျေးကွက်သို စတင်မိတ်ဆက်ခဲ့သည်။

OPPO A92 တွင် ကြီးမားကောင်းမွန်သော 1080P Neo-Display၊ စွမ်းဆောင်မှု ကောင်းမွန်သည့် AI Quad Camera (၄) လုံးတိုနှင့် 8GB RAM + 128GB ROM ပါဝင်ပြီး ဝင်ရိုးစွန်းရှုခင်းမှာ တောက်ပနေတဲ့ ကြယ်တာရာအသွင်ဆောင်တဲ့ အော်ရိုရာ အလင်းတန်းသဖွယ် Aurora Purple (ခရမ်းရောင်ပြေး) နှင့် ဝင်ရိုးစွန်းည ကြယ်အစုအဝေးကဲ့သို တင့်တယ်သော Twilight Black (အနက်ရောင်) တိုကို ‌ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ မျည်းကွေး 3D ရုပ်လုံးကြွ ထောင့်မှန်အခုံးဒီဇိုင်းနှင့် ဘေးဘက် လက်‌ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်း ပါဝင်သော OPPO A92 ကို မြန်မာ‌ကျပ်ငွေ ၃၇၉,၉၀၀ ကျပ် ဖြင့် ဇွန်လ ၂၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြိုမြိုအနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တိုတွင် ပိုဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

တောက်ပသော အခိုက်အတန့်များ ဖန်တီးပေးနိုင်မည့် OPPO A92 တွင် Main Camera အဖြစ် F 1.7 Apertureနှင့် 1/2” Sensor ပါရှိသည့် 48MP AI Quad Camera ကို အသုံးပြုထားသောကြောင့် နေ့စဉ်ဘဝ လှုပ်ရှားမှု အသေးစိတ်ကို အလှပဆုံး မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ ထိုပြင် 119° ရိုက်ကူးနိုင်သော 8MP Ultra Wide Camera ၊ 2MP Mono Camera နှင့် 2MP Portrait Camera တိုလည်း ပါဝင်သည့်အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထား သည့်အတွက် နေ့ရော ညပါ ကြည်လင်ပြတ်သားသော အမှတ်တရ ပုံရိပ်များကို ရရှိနိုင်စေသည်။ Video ရိုက်ကူးရခြင်း ကြိုက်နှစ်သက်သူများအတွက် 4K Video Shooting၊ Video EIS Anti-Shake၊ Wide Angle Video တိုနှင့် အတူ အလွယ် တကူ တည်းဖြတ်နိုင်သော Soloop လည်း ပါရှိသည်။ အရှေ့ ကင်မရာအဖြစ် သဘာဝဆန်ဆန် လှပသော Selfie များ ရရှိစေသော AI Beautification ပါဝင်သည့် 16MP Camera လည်း ပါဝင်သောကြောင့် အတောက်ပဆုံး လှပနေသော ပုံရိပ်များကို ပေးစွမ်းနိုင်သည်။

ထိုပြင် Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ်သော 6.5-inch LCD Blind Hole Screen တွင် Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် နေရောင်ခြည် အောက်တွင်လည်း ဖုန်း Screen ကို ကောင်းမွန်စွာ မြင်တွေ့အသုံးပြုနိုင်သော In-Cell Touch Screen Technology ကိုလည်း ထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတိုကို အထူးကောင်းမွန်စေသည်။ မည်သည့် အလင်းရောင်အခြေအနေတွင်မဆို ဖုန်းကို ကောင်းမွန်စွာ မြင်တွေ့ အသုံးပြုနိုင်သည့် AI Backlight Adjustment ပါဝင်ကာ မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက် လက်မှတ်ကိုလည်း TÜV Rheinland မှ ရရှိထားသည်။ ‌Screen ‌ပေါ်တွင် လက်‌ဗွေရာ ထင်မှု မရှိသည့် SideFingerprint Unlock နှင့် အတူ ကိုင်တွယ်သုံးစွဲမှု သက်သောင့်သက်သာ ရှိစေသော 3D Quad Curve Body ကလည်း သုံးစွဲသူများ ကြိုက်နှစ်သက်နိုင်မည့် အချက်တစ်ချက်ပင် ဖြစ်သည်။

ဖုန်းကို အသုံးပြုရာတွင် အကောင်းဆုံး လုပ်ဆောင်မှုများ ပေးစွမ်းနိုင်စေဖို ကြီးမားသော သိုလှောင်မှု ပမာဏ 8GB RAM + 128GB ROM နှင့်အတူ Qualcomm Snapdragon 665 (64-bit capable octa-core CPU) ကို ထည့်သွင်းပေးထားသည်။ ထိုပြင် ပိုမို ကောင်းမွန်သော အသံစွမ်းဆောင်မှု အတွေ့အကြုံကို ပေးသော Dual Stereo Speaker + Dirac 2.0 လည်း ပါဝင်ကာ Dark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စသည့် အလွန် အသုံးဝင်သော လုပ်ဆောင်မှုများ ပါဝင်သော နောက်ဆုံးပေါ် ColorOS 7.1 တိုနှင့်အတူ ထပ်မံ အားဖြည့်ထားသောကြောင့် ဖုန်း သုံးစွဲမှု အတွေ့အကြုံကို တစ်ဆင့် ပိုမိုမြင့်မားသွားစေမည်ဖြစ်သည်။ ထိုပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သည့်အပြင် အခြားဖုန်းကို ပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်း ပါဝင်သည်။ Type C အမျိုးအစားဖြစ်ကာ 18W Fast Charge System ပါဝင်သောကြောင့် ၄၅ မိနစ်အတွင်း 0% မှ 50% အထိ အားပြန်ဖြည့်ပေးနိုင်သည်။ OPPO A92 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A52 Website Page (https://bit.ly/2Bo8I7r) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တိုတွင် ဝင်ရောက်လေ့လာနိုင်သည်။

Source – OPPO Myanmar