OPPO ကနေ အခုနောက်ဆုံး OPPO Reno Ace2 စမတ်ဖုန်းအပြင် High End ဖုန်းတစ်လုံးဖြစ်လာမယ့် OPPO A92s ကိုလည်း မကြာခင်မိတ်ဆက်ဖို့ ကြံစည်နေတာဖြစ်တယ်။ အဆိုပါ OPPO A92s စမတ်ဖုန်းဟာ 5G ကို Support ပြုလုပ်မှာလည်းဖြစ်ပြီး Chipset ပိုင်းအနေနဲ့ MediaTek ရဲ့ Dimensity 800 5G Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Model Number PDKM00 လို့ပေးထားတဲ့ OPPO A92s 5G စမတ်ဖုန်းရဲ့ Geekbench Benchmark တွေက ပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါ Benchmark တွေအရ Dimensity 800 Chipset ရဲ့ စွမ်းဆောင်ရည်ကိုပါ ခန့်မှန်းနိုင်ခဲ့ပါတယ်။

Geekbench Benchmark အရတော့ OPPO A92s 5G ဖုန်းဟာ Android 10 OS နဲ့ RAM 8GB ကို အသုံးပြုထားပြီး Single-core Score 2504 Mark နဲ့ Multi-core Scoore 8130 Mark ရရှိခဲ့ပါတယ်။ အဆိုပါ Performance ကို Single-core ပိုင်းမှာ Qualcomm Snapdragon 765G ကို သုံးထားတဲ့ Xiaomi Redmi K30 5G ထက် အားနည်းပေမယ့် Multi-core Performance မှာတော့ သိသိသာသာကို ပိုကောင်းနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် OPPO A92s 5G မှာသုံးလာမယ့် MediaTek Dimensity 800 5G Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 765G ထက်တောင် အနည်းငယ်ပိုကောင်းနေတယ်လို့ ပြောနိုင်ပြီးတော့ Honor 30S မှာသုံးထားတဲ့ Kirin 820 5G Chipset ထက် အနည်းငယ်အားနည်းနေမှာဖြစ်ပါတယ်။

လက်ရှိသိရှိရတဲ့သတင်းတွေအရ OPPO A92s 5G စမတ်ဖုန်းဟာ 6.57″ LCD Display ကို အသုံးပြုထားပြီး 16MP + 2MP Dual Punch-hole Selfie Camera Setup နဲ့ 120Hz Refresh Rate ကို Support ပေးနိုင်မှာပါ။ Back Camera အနေနဲ့ 48MP Quad Camera Setup ပါဝင်မှာဖြစ်သလို 4000mAh Battery ပါဝင်မှာလည်းဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂,၄၉၉ (မြန်မာငွေ ၅ သိန်းဝန်းကျင်) ကျသင့်မှာပါ။

Ref – Gizmo China