မကြာသေးခင်ကမှ OPPO Midrange စမတ်ဖုန်းတစ်လုံးဟာ Global Certification Forum ကနေ Reno4 Z 5G အမည်နဲ့ အတည်ပြုချက် ရယူခဲ့ပါတယ်။ သူ့ရဲ့မော်ဒယ်နံပါတ်က CPH2065 ဖြစ်ပြီး Bluetooth SIG နဲ့ FCC အတည်ပြုချက် တွေလည်း ရယူထားပြီးသားပါ။

ထွက်ပြီးသား Leak တွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ CPH2065 ဟန်းဆက်ဟာ OPPO A92s 5G နဲ့ တူညီတဲ့ Specs ကို တွေ့ရတာကြောင့် A92s ကို နိုင်ငံတကာစျေးကွက်အတွက် အမည်ပြောင်းလဲပြီး မိတ်ဆက်လာတာပဲ ဖြစ်နိုင်ပါတယ်။

အမည်ပြောင်းလဲလာခဲ့တဲ့ ဒီဖုန်းဟာ Dimensity 800 ချစ်ပ်ဆက်ကိုပဲ အသုံးပြုထားပြီး ရှေ့ဘက်မှာ 6.57” LCD Display ကို ဆက်လက်သယ်ဆောင်လာမှာပါ။ နောက်ဘက်မှာ ပုံမှန်မဟုတ်တဲ့ စတုဂံပုံစံ Camera Island ထဲမှာ ကင်မရာလေးလုံးကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

OPPO Reno4 Z 5G အမည်ထဲမှာ 5G ဆိုတာ ပါနေပေမယ့် GCF အတည်ပြုချက်ထဲမှာတော့ 5G Band တွေ အကြောင်း မပါပါဘူး။ သူ့ကို 2G GSM, 3G UMTS နဲ့ 4G LTE နက်ဝပ်တွေနဲ့သာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဖုန်းကို 5G ထောက်ပံ့နိုင်စွမ်းနဲ့ မိတ်ဆက်လာခဲ့ရင်တောင် 5G ကောင်းကောင်းမရသေးတဲ့ ကမ္ဘာ့နိုင်ငံအများကိုလည်း ပစ်မှတ်ထားလာမယ့် ပုံမှာ ရှိပါတယ်။

 

Ref – GSMArena