OPPO ဟာ မကြာခင်မှာ Mid Range စမတ်ဖုန်းအသစ်တမျိုးဖြစ်တဲ့ OPPO A94 စမတ်ဖုန်းကို မိတ်ဆက်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Singapore နိုင်ငံရဲ့ Infocomm Media Development Authority (IMDA) ရဲ့ Certification ရရှိခဲ့သလို အခုအချိန်မှာလည်း National Broadcasting and Telecommunications Commission (NBTC) နဲ့ China Quality Certification Center (CQC) တို့ရဲ့ Certification တွေကိုပါ ရရှိခဲ့ပြီလို့ သိရပါတယ်။

အဆိုပါသတင်းတွေနဲ့အတူ OPPO A94 စမတ်ဖုန်းရဲ့ သတင်းအချက်အလက်အချို့ပါ ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ OPPO A94 စမတ်ဖုန်းဟာ 5G Support ပြုလုပ်ဦးမှာမဟုတ်ဘဲ 4G LTE ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Fast Charging အနေနဲ့ 30W အထိ Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် OPPO A94 စမတ်ဖုန်းဟာ MediaTek Helio P95 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 6GB ပါဝင်မယ်လို့ သိရပါတယ်။ ကျန်တဲ့ Specification တွေအနေနဲ့လည်း 6.2″ LCD Display ၊ 48MP Triple Camear Setup ၊ 4310mAh Battery ပါဝင်မှာဖြစ်သလို Android 11 ကို အခြေခံထားတဲ့ ColorOS 11.1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

OPPO A94 စမတ်ဖုန်းဟာ လာမယ့်လပိုင်းအတွင်းမိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။ တချို့သောနိုင်ငံတွေမှာတော့ OPPO A94 ဖုန်းကို F Series ဖုန်းအသစ်အနေနဲ့ နာမည်ပြောင်းလဲမိတ်ဆက်လေ့ရှိတဲ့အတွက် OPPO F19 သို့မဟုတ် F21 အနေနဲ့ မြင်တွေ့ရဦးမှာလည်းဖြစ်ပါတယ်။

Ref – Gizmo China