[Zawgyi]

ရွင္းက်င့္မွာ က်င္းပျပဳလုပ္တဲ့ အထူးပြဲမွာ ColorOS ရဲ႕ ၅ ႏွစ္ျပည့္ အထိမ္းအမွတ္ကိုလည္း ဆင္ႏႊဲခဲ့ၾကပါေသးတယ္။ ဒီပြဲမွာ Oppo က သူတို႔ ျဖန႔္ျဖဴးေတာ့မယ့္ ColorOS 6.0 အေၾကာင္း ေၾကညာသြားခဲ့ပါေသးတယ္။ ဒီ ColorOS ကို ႏိုင္ငံနဲ႔ ေဒသေပါင္း ၁၄၀ ေက်ာ္မွာရွိတဲ့ ဖုန္းေပါင္း သန္း ၂၅၀ ေက်ာ္မွာ ထည့္သြင္းမွာျဖစ္ပါတယ္။

အခု ျဖန႔္ျဖဴးေတာ့မယ့္ OS သစ္ဟာ ေပါ့ပါးၿပီးလင္းတဲ့ ပုံစံကို အေျခခံထားတာပါ။ အဓိကအားျဖင့္ အျဖဴေရာင္ေနာက္ခံကို ခပ္ေဖ်ာ့ေဖ်ာ့အေရာင္ေျပးေတြနဲ႔ တြဲဖက္ေပးထားတာလို႔ ေျပာရမွာပါ။ Oppo ကေတာ့ သူတို႔အေနနဲ႔ အျဖဴေရာင္ကို ေ႐ြးခ်ယ္တယ္ဆိုတာက လတ္ဆတ္လြတ္လပ္တဲ့ ေလထုကို ဖန္တီးမယ္ဆိုတဲ့ အဓိပၸါယ္လို႔ ေျပာပါတယ္။

Oppo ကေတာ့ ဒီ ColorOS 6.0 ဟာ Bezeless ဖုန္းေတြအတြက္ အဓိက ဒီဇိုင္းထိုင္ခဲ့တာဆိုေပမယ့္ က်န္တဲ့ Oppo ဖုန္းအေဟာင္းေတြမွာလည္း ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္ႏိုင္မွာျဖစ္တယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘယ္ဖုန္းေတြကို ေထာက္ပံ့ေပးႏိုင္လဲဆိုတဲ့ စာရင္းကိုေတာ့ တရားဝင္ ထုတ္ျပန္ေျပာဆိုသြားျခင္း မရွိခဲ့ပါဘူး။

ဒီ OS အသစ္ရဲ႕ အဓိကအပိုင္းကို ၾကည့္ရင္ေတာ့ Universal front သစ္ပုံစံ ျဖစ္တာကို ေတြ႕ရပါတယ္။ ColorOS 6.0 မွာ Build-in machine learning စနစ္ပါဝင္ၿပီး App ေတြကို ပိတ္မပစ္ေတာ့ဘဲ ေနာက္ကြယ္မွာပဲ တန႔္သြားေအာင္ လုပ္လိုက္မွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဖုန္းအသုံးျပဳသူရဲ႕ App activity ေတြကို ႏွစ္ပတ္ၾကာ ေလ့လာၿပီး အေလ့အထေတြကို မွတ္သားထားမွာ ျဖစ္ပါတယ္။ ဒါကို AI လို႔ ေခၚတြင္ေနၾကတာလည္း ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

ရှင်းကျင့်မှာ ကျင်းပပြုလုပ်တဲ့ အထူးပွဲမှာ ColorOS ရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း ဆင်နွှဲခဲ့ကြပါသေးတယ်။ ဒီပွဲမှာ Oppo က သူတို့ ဖြန့်ဖြူးတော့မယ့် ColorOS 6.0 အကြောင်း ကြေညာသွားခဲ့ပါသေးတယ်။ ဒီ ColorOS ကို နိုင်ငံနဲ့ ဒေသပေါင်း ၁၄၀ ကျော်မှာရှိတဲ့ ဖုန်းပေါင်း သန်း ၂၅၀ ကျော်မှာ ထည့်သွင်းမှာဖြစ်ပါတယ်။

အခု ဖြန့်ဖြူးတော့မယ့် OS သစ်ဟာ ပေါ့ပါးပြီးလင်းတဲ့ ပုံစံကို အခြေခံထားတာပါ။ အဓိကအားဖြင့် အဖြူရောင်နောက်ခံကို ခပ်ဖျော့ဖျော့အရောင်ပြေးတွေနဲ့ တွဲဖက်ပေးထားတာလို့ ပြောရမှာပါ။ Oppo ကတော့ သူတို့အနေနဲ့ အဖြူရောင်ကို ရွေးချယ်တယ်ဆိုတာက လတ်ဆတ်လွတ်လပ်တဲ့ လေထုကို ဖန်တီးမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောပါတယ်။

Oppo ကတော့ ဒီ ColorOS 6.0 ဟာ Bezeless ဖုန်းတွေအတွက် အဓိက ဒီဇိုင်းထိုင်ခဲ့တာဆိုပေမယ့် ကျန်တဲ့ Oppo ဖုန်းအဟောင်းတွေမှာလည်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်ဖုန်းတွေကို ထောက်ပံ့ပေးနိုင်လဲဆိုတဲ့ စာရင်းကိုတော့ တရားဝင် ထုတ်ပြန်ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

ဒီ OS အသစ်ရဲ့ အဓိကအပိုင်းကို ကြည့်ရင်တော့ Universal front သစ်ပုံစံ ဖြစ်တာကို တွေ့ရပါတယ်။ ColorOS 6.0 မှာ Build-in machine learning စနစ်ပါဝင်ပြီး App တွေကို ပိတ်မပစ်တော့ဘဲ နောက်ကွယ်မှာပဲ တန့်သွားအောင် လုပ်လိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဖုန်းအသုံးပြုသူရဲ့ App activity တွေကို နှစ်ပတ်ကြာ လေ့လာပြီး အလေ့အထတွေကို မှတ်သားထားမှာ ဖြစ်ပါတယ်။ ဒါကို AI လို့ ခေါ်တွင်နေကြတာလည်း ဖြစ်ပါတယ်။

Ref: GSMarena