[Zawgyi]

OPPO Fans ေတြ စိတ္၀င္စားေနတဲ့ ColorOS 7 ကို ကုမၸဏီက ေဘဂ်င္းမွာ တရား၀င္ ေၾကညာလိုက္ပါၿပီ။ UI ကို လံုး၀ ဆန္းသစ္ထားၿပီး အရင္ ColorOS Version ေတြထက္ သံုးရတာ ပိုေကာင္းလာေအာင္ ဖန္တီးေပးထားပါတယ္။ အေရာင္ေတြဟာလည္း ၾကည့္ရတာ ပိုသက္ေတာင့္သက္သာရွိလာၿပီး Icons ေတြကို အရင္ကထက္ Customize ျပဳလုပ္လာႏုိင္ပါတယ္။ Home Screen က Icons ေတြရဲ႕ ပံုသ႑ာန္နဲ႔ အရြယ္အစားကို ေျပာင္းလဲလာႏုိင္ပါတယ္။

စြမ္းရည္ျမင့္တဲ့ Desktop မွာလို ခံစားရေအာင္ Art+ Wallpaper ေတြ ထည့္သြင္းေပးထားပါတယ္။ OPPO က နာမည္ေက်ာ္ ဒိန္းမတ္ အသံကုမၸဏီ Episound နဲ႔ ပူးေပါင္းၿပီး Sound Effects ေတြကို အလန္းစား အသြင္ေျပာင္း ဖန္တီးထားပါတယ္။ စြမ္းေဆာင္ရည္ျမင့္မားေအာင္ Background Optimizations ေတြထည့္ထားတာက အရမ္းမိုက္ပါတယ္။

OPPO က ColorOS 7 မွာ RAM Optimization ပိုေကာင္းလာၿပီး App Startup Time ကို ၄၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ေျပာပါတယ္။ စြမ္းအင္ စားသံုးတာကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးတာကလည္း မိုက္ပါတယ္။ ဂိမ္းကစားရင္ ပိုလန္းသြားေအာင္ In-game Frame Rate နဲ႔ Touch Response ေတြကို တိုးတက္ေအာင္ လုပ္ေပးထားပါတယ္။

Camera App က ပိုေကာင္းလာၿပီး အဆင့္ျမွင့္ထားတဲ့ Night Mode , Portrait Mode 2.0 နဲ႔ Video ရိုက္ဖို႔အတြက္ Super-steady Mode ေတြ ပါပါတယ္။ Gallery App ကိုလည္း ပိုလန္းလာေအာင္ ျပဳလုပ္ထားၿပီး Edit နဲ႔ Share လုပ္ရင္ ပိုျမန္လာပါတယ္။

Ref : xda-developers

[Unicode]

OPPO က Android 10 အခြေပြု ColorOS 7 ကို ကြေညာ

OPPO Fans တွေ စိတ်ဝင်စားနေတဲ့ ColorOS 7 ကို ကုမ္ပဏီက ဘေဂျင်းမှာ တရားဝင် ကြေညာလိုက်ပါပြီ။ UI ကို လုံး၀ ဆန်းသစ်ထားပြီး အရင် ColorOS Version တွေထက် သုံးရတာ ပိုကောင်းလာအောင် ဖန်တီးပေးထားပါတယ်။ အရောင်တွေဟာလည်း ကြည့်ရတာ ပိုသက်တောင့်သက်သာရှိလာပြီး Icons တွေကို အရင်ကထက် Customize ပြုလုပ်လာနိုင်ပါတယ်။ Home Screen က Icons တွေရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစားကို ပြောင်းလဲလာနိုင်ပါတယ်။

စွမ်းရည်မြင့်တဲ့ Desktop မှာလို ခံစားရအောင် Art+ Wallpaper တွေ ထည့်သွင်းပေးထားပါတယ်။ OPPO က နာမည်ကျော် ဒိန်းမတ် အသံကုမ္ပဏီ Episound နဲ့ ပူးပေါင်းပြီး Sound Effects တွေကို အလန်းစား အသွင်ပြောင်း ဖန်တီးထားပါတယ်။ စွမ်းဆောင်ရည်မြင့်မားအောင် Background Optimizations တွေထည့်ထားတာက အရမ်းမိုက်ပါတယ်။

OPPO က ColorOS 7 မှာ RAM Optimization ပိုကောင်းလာပြီး App Startup Time ကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ စွမ်းအင် စားသုံးတာကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးတာကလည်း မိုက်ပါတယ်။ ဂိမ်းကစားရင် ပိုလန်းသွားအောင် In-game Frame Rate နဲ့ Touch Response တွေကို တိုးတက်အောင် လုပ်ပေးထားပါတယ်။

Camera App က ပိုကောင်းလာပြီး အဆင့်မြှင့်ထားတဲ့ Night Mode , Portrait Mode 2.0 နဲ့ Video ရိုက်ဖို့အတွက် Super-steady Mode တွေ ပါပါတယ်။ Gallery App ကိုလည်း ပိုလန်းလာအောင် ပြုလုပ်ထားပြီး Edit နဲ့ Share လုပ်ရင် ပိုမြန်လာပါတယ်။

Ref : xda-developers