Unicode

တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ကျင်းပနေတဲ့ Oppo Inno Day မှာ တရုတ်နည်းပညာကုမ္ပဏီ Oppo ဟာ ထုတ်ကုန်သစ် တော်တော်များများကို စမ်းသပ်ပြသလာခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ColorOS သုံးစွဲသူဦးရေနဲ့ ထပ်မံ တိုးချဲ့ဖို့ကိုလည်း ထုတ်ဖော်ကြေညာလာခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ColorOS အသုံးပြုစမတ်ဖုန်းတွေကို သုံးစွဲနေသူပေါင်း သန်း ၃၂၀ ထိ ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ Android ကိုအခြေခံထားတဲ့ ColorOS ကို ဒီအတိုင်းဆက်ထားမှာဖြစ်ကြောင်းနဲ့ အခြား တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူအချို့လို ကိုယ်ပိုင် OS တစ်ခုကို သီးသန့်ထုတ်လုပ်သွားဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

Oppo ရဲ့ VP နဲ့ နိုင်ငံတကာအရောင်းဆိုင်ရာ ဥက္ကဌဖြစ်တဲ့ Alen Wu က Oppo ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာတင် မက္ကဆီကိုနဲ့ လက်တင်အမေရိကန်ဈေးကွက်တို့ကို ထိုးဖောက်သွားမယ်လို့ ကြေညာလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်ဖြစ်ပေမယ့် စမတ်ဖုန်းတွေကို ကုမ္ပဏီမှ တိုက်ရိုက်ဝယ်ယူမယ့်အစား မိုဘိုင်းနက်ဝပ်ထောက်ပံ့သူ Carrier တွေဆီကသာ ဝယ်ယူသူက ဈေးကွက်ရဲ့ ၉၀% ထိရှိတာကြောင့် မကြိုးစားသေးတာလည်း ဖြစ်ပါတယ်။

Oppo ကိုယ်ပိုင် Foldable ဖုန်းအကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ကုမ္ပဏီဟာ ကိုယ်ပိုင် Foldable ဟန်းဆက်ထုတ်လုပ်ဖို့ စဉ်းစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သလို နှစ်နှစ်ခန့်ကြာအောင် လုပ်ကိုင်ခဲ့ဖူးပေမယ့် တကယ်တမ်း အသုံးဝင်မယ့်နေရာနဲ့ ဈေးကွက်လိုလားမှုကို မရှိဘူးလို့ ယူဆခဲ့ကြတာကြောင့် အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ဆိုလိုက်ပါတယ်။

Ref – GSM Arena

Zawgyi

တရုတ္ႏုိင္ငံ၊ ရွန္က်န္းၿမိဳ႕မွာ က်င္းပေနတဲ့ Oppo Inno Day မွာ တရုတ္နည္းပညာကုမၸဏီ Oppo ဟာ ထုတ္ကုန္သစ္ ေတာ္ေတာ္မ်ားမ်ားကို စမ္းသပ္ျပသလာခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိ ColorOS သုံးစြဲသူဦးေရနဲ႔ ထပ္မံ တုိးခ်ဲ႕ဖို႔ကိုလည္း ထုတ္ေဖာ္ေၾကညာလာခဲ့ပါတယ္။

ပထမဆုံးအေနနဲ႔ ColorOS အသုံးျပဳစမတ္ဖုန္းေတြကို သုံးစြဲေနသူေပါင္း သန္း ၃၂၀ ထိ ရွိလာၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ကာ Android ကုိအေျခခံထားတဲ့ ColorOS ကို ဒီအတုိင္းဆက္ထားမွာျဖစ္ေၾကာင္းနဲ႔ အျခား တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူအခ်ဳိ႕လို ကုိယ္ပုိင္ OS တစ္ခုကို သီးသန္႔ထုတ္လုပ္သြားဖို႔ မရွိေသးဘူးလုိ႔ ဆုိပါတယ္။

Oppo ရဲ႕ VP နဲ႔ ႏုိင္ငံတကာအေရာင္းဆုိင္ရာ ဥကၠဌျဖစ္တဲ့ Alen Wu က Oppo ဟာ ၂၀၂၀ ပထမႏွစ္ဝက္မွာတင္ မကၠဆီကိုနဲ႔ လက္တင္အေမရိကန္ေစ်းကြက္တုိ႔ကို ထိုးေဖာက္သြားမယ္လို႔ ေၾကညာလာခဲ့ပါတယ္။ အေမရိကန္ႏုိင္ငံဟာ ဆြဲေဆာင္မႈရွိတဲ့ ေစ်းကြက္ျဖစ္ေပမယ့္ စမတ္ဖုန္းေတြကို ကုမၸဏီမွ တုိက္ရုိက္ဝယ္ယူမယ့္အစား မုိဘုိင္းနက္ဝပ္ေထာက္ပံ့သူ Carrier ေတြဆီကသာ ဝယ္ယူသူက ေစ်းကြက္ရဲ႕ ၉၀% ထိရွိတာေၾကာင့္ မႀကိဳးစားေသးတာလည္း ျဖစ္ပါတယ္။

Oppo ကုိယ္ပိုင္ Foldable ဖုန္းအေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ကုမၸဏီဟာ ကိုယ္ပိုင္ Foldable ဟန္းဆက္ထုတ္လုပ္ဖို႔ စဥ္းစားခဲ့ဖူးေၾကာင္း အတည္ျပဳခဲ့သလုိ ႏွစ္ႏွစ္ခန္႔ၾကာေအာင္ လုပ္ကိုင္ခဲ့ဖူးေပမယ့္ တကယ္တမ္း အသုံးဝင္မယ့္ေနရာနဲ႔ ေစ်းကြက္လိုလားမႈကို မရွိဘူးလို႔ ယူဆခဲ့ၾကတာေၾကာင့္ အကန္႔အသတ္မရွိ ရပ္ဆုိင္းထားတယ္လို႔ ဆုိလိုက္ပါတယ္။

Ref – GSM Arena