Zawgyi

စမတ္ဖုန္းကုမၸဏီႀကီး Oppo ဟာ သူတုိ႔ရဲ႕ ပထမဆုံး Bluetooth Noise-cancelling Headphone ျဖစ္တဲ့ Enco Q1 အား တရုတ္ႏုိင္ငံအတြင္းမွာ တရားဝင္မိတ္ဆက္လိုက္ပါတယ္။ ဒီထုတ္ကုန္ဟာ ၿပီးခဲ့တဲ့လကမွ Oppo က Enco အမွတ္တံဆိပ္ကို မူပုိင္ခြင့္ယူၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ထြက္ေပၚလာခဲ့တာပါ။

သူ႕ရဲ႕ပုံစံက Neckband လို႔ဆုိရမယ့္ ကုတ္ပုိးမွာ တင္ထားၿပီး Earbud ေတြကို နားထဲထည့္ထားရမယ့္ ပုံပါ။ လူ႕နားရြက္ကုိ အဆင္ေျပေျပ သက္ေတာင့္သက္သာျဖစ္တဲ့ Angle ကေန တပ္ဆင္ထားႏုိင္ဖို႔ ဒီဇုိင္းထုတ္လုပ္ထားတယ္လို႔ ဆုိပါတယ္။ Oppo ရဲ႕ Vice President ျဖစ္တဲ့ Brian Shen ကေတာ့ သူ႕မွာ မုိက္ကရုိဖုန္းေလးခု ပါဝင္ကာ Dual Active Noise Cancellation စနစ္ပါဝင္မယ္လို႔ အတည္ျပဳထားပါတယ္။

Hybrid Active Noise Cancellation စနစ္ဟာ တစ္ဖက္ကို ႏွစ္ခုစီပါတဲ့ မုိက္ကရုိဖုန္းေလးခုစလုံးအတြက္ သီးသန္႔စီ အလုပ္လုပ္ေပးမွာျဖစ္ၿပီး Feedback နဲ႔ Feedforward ႏွစ္မ်ဳိးလုံးျဖစ္တယ္လို႔ ဆုိပါတယ္။ Feedforward Active Noise Cancellation က အျပင္ဘက္ မုိက္ကရုိဖုန္းကေနတဆင့္ ျပင္ပအသံေတြ နားထဲ ဝင္မလာခင္ စစ္ေဆးၿပီး စပီကာေတြကို ျပင္ပဆူညံသံမ်ားအား ေဖ်ာက္ဖ်က္ေပးဖို႔ လုပ္ေဆာင္ေပးမွာပါ။ အတြင္းဘက္ မုိက္ကရုိဖုန္းကေတာ့ သူ႕အနားမွာထြက္ေပၚလာတဲ့ အသံေတြကို အနည္းဆုံးျဖစ္ေအာင္ ေဖ်ာက္ဖ်က္ေပးမွာပါ။

Oppo Enco Q1 နားၾကပ္ဟာ သူတုိ့ေၾကညာထားတဲ့ ပုိစတာထဲမွာေတာ့ Orange, Black, White အေရာင္သုံးမ်ဳိးနဲ႔ ေတြ႕ရပါတယ္။ ေလာေလာဆယ္မွာ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္းေတြကို မေၾကညာေသးတာေၾကာင့္ Oppo ပရိသတ္ေတြအေနနဲ႔ ထပ္မံေစာင့္ဆုိင္းရဦးမွာျဖစ္ပါတယ္။

Ref – FoneArena

Unicode

စမတ်ဖုန်းကုမ္ပဏီကြီး Oppo ဟာ သူတို့ရဲ့ ပထမဆုံး Bluetooth Noise-cancelling Headphone ဖြစ်တဲ့ Enco Q1 အား တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီထုတ်ကုန်ဟာ ပြီးခဲ့တဲ့လကမှ Oppo က Enco အမှတ်တံဆိပ်ကို မူပိုင်ခွင့်ယူပြီးနောက် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့တာပါ။

သူ့ရဲ့ပုံစံက Neckband လို့ဆိုရမယ့် ကုတ်ပိုးမှာ တင်ထားပြီး Earbud တွေကို နားထဲထည့်ထားရမယ့် ပုံပါ။ လူ့နားရွက်ကို အဆင်ပြေပြေ သက်တောင့်သက်သာဖြစ်တဲ့ Angle ကနေ တပ်ဆင်ထားနိုင်ဖို့ ဒီဇိုင်းထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Oppo ရဲ့ Vice President ဖြစ်တဲ့ Brian Shen ကတော့ သူ့မှာ မိုက်ကရိုဖုန်းလေးခု ပါဝင်ကာ Dual Active Noise Cancellation စနစ်ပါဝင်မယ်လို့ အတည်ပြုထားပါတယ်။

Hybrid Active Noise Cancellation စနစ်ဟာ တစ်ဖက်ကို နှစ်ခုစီပါတဲ့ မိုက်ကရိုဖုန်းလေးခုစလုံးအတွက် သီးသန့်စီ အလုပ်လုပ်ပေးမှာဖြစ်ပြီး Feedback နဲ့ Feedforward နှစ်မျိုးလုံးဖြစ်တယ်လို့ ဆိုပါတယ်။ Feedforward Active Noise Cancellation က အပြင်ဘက် မိုက်ကရိုဖုန်းကနေတဆင့် ပြင်ပအသံတွေ နားထဲ ဝင်မလာခင် စစ်ဆေးပြီး စပီကာတွေကို ပြင်ပဆူညံသံများအား ဖျောက်ဖျက်ပေးဖို့ လုပ်ဆောင်ပေးမှာပါ။ အတွင်းဘက် မိုက်ကရိုဖုန်းကတော့ သူ့အနားမှာထွက်ပေါ်လာတဲ့ အသံတွေကို အနည်းဆုံးဖြစ်အောင် ဖျောက်ဖျက်ပေးမှာပါ။

Oppo Enco Q1 နားကြပ်ဟာ သူတို့ကြေညာထားတဲ့ ပိုစတာထဲမှာတော့ Orange, Black, White အရောင်သုံးမျိုးနဲ့ တွေ့ရပါတယ်။ လောလောဆယ်မှာ ထွက်ရှိရက်နဲ့ ဈေးနှုန်းတွေကို မကြေငြာသေးတာကြောင့် Oppo ပရိသတ်တွေအနေနဲ့ ထပ်မံစောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Ref – FoneArena