[Zawgyi]

BKK လုပ္ငန္းစုႀကီးရဲ႕ ကုမၸဏီတစ္ခုျဖစ္တဲ့ Oppo ဟာ ရွန္ဟိုင္းမွာ “Super VOOC Flash Charge Day” အမည္ရတဲ့ ပြဲတစ္ခုကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲက်င္းပရျခင္း အေၾကာင္းရင္းကေတာ့ သူတို႔ရဲ႕ VOOC အျမန္အားသြင္းစနစ္ နည္းပညာပါဝင္တဲ့ ဖုန္းအလုံးေရ သန္း ၁၀၀ ေက်ာ္ကို တင္ပို႔ေရာင္းခ်ခဲ့ရတဲ့ အထိမ္းအမွတ္ ျဖစ္တယ္လို႔ သိရပါတယ္။

ကုမၸဏီရဲ႕ ျပည္တြင္းစီးပြားေရးဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္လည္းျဖစ္၊ Oppo ရဲ႕ ဒုတိယဥကၠ႒လည္းျဖစ္တဲ့ Shen Yiren က စံႏႈန္းသစ္တစ္ခုဟာ သုံးစြဲသူေတြရဲ႕ အေလ့အထကို ဦးေဆာင္ၿပီးေျပာင္းလဲေနၿပီျဖစ္ေၾကာင္း၊ လူေတြဟာ သူတို႔ရဲ႕ဖုန္းေတြကို တစ္ညလုံး ႀကိဳးတန္းလန္းနဲ႔ အားသြင္းထားတဲ့အစား မနက္က်မွ အားသြင္းေနၾကၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Oppo ဟာ သူတို႔အတြက္ VOOC နဲ႔ပတ္သက္တဲ့ သမိုင္းမွတ္တိုင္အတြက္ အထိမ္းအမွတ္ပြဲကို စည္စည္ကားကား က်င္းပခဲ့ၿပီး Oppo R17 Pro အတြက္ ကာဗာေတြ ျဖန႔္ခ်ိမႈကိုလည္း ပ႐ိုမိုးရွင္းျပဳလုပ္သြားခဲ့ပါတယ္။ Pikachu ကို သူတို႔ရဲ႕ Ambassador အျဖစ္ မိတ္ဆက္ခဲ့ၿပီး Pikachu sticker ကပ္ထားတဲ့ 5V/10A output ေပးႏိုင္တဲ့ 10,00mAh Powerbank ကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာေတာ့ ၂၀၁၈ ေႏွာင္းပိုင္းထုတ္ စမတ္ဖုန္းအမ်ားစုဟာ Oppo ရဲ႕ VOOC အျမန္အားသြင္းစနစ္လိုမ်ိဳး Fast Charging စနစ္ကို အသုံးျပဳထားၾကတာပဲ ျဖစ္ပါတယ္။ စမတ္ဖုန္းသုံးစြဲသူမ်ားၾကားမွာ ပိုမိုမ်ားျပားတဲ့ ဘက္ထရီပမာဏကို ေတာင္းဆိုမႈ မ်ားျပားၿပီးတဲ့ေနာက္ Fast Charging စနစ္ေတြ၊ Wireless Charging စနစ္ေတြလည္း ေရပန္းစားလာခဲ့ၿပီ ျဖစ္ပါတယ္။

Ref: gsmarena

 

[Unicode]

BKK လုပ်ငန်းစုကြီးရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oppo ဟာ ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရတဲ့ ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကျင်းပရခြင်း အကြောင်းရင်းကတော့ သူတို့ရဲ့ VOOC အမြန်အားသွင်းစနစ် နည်းပညာပါဝင်တဲ့ ဖုန်းအလုံးရေ သန်း ၁၀၀ ကျော်ကို တင်ပို့ရောင်းချခဲ့ရတဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ ပြည်တွင်းစီးပွားရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်လည်းဖြစ်၊ Oppo ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Shen Yiren က စံနှုန်းသစ်တစ်ခုဟာ သုံးစွဲသူတွေရဲ့ အလေ့အထကို ဦးဆောင်ပြီးပြောင်းလဲနေပြီဖြစ်ကြောင်း၊ လူတွေဟာ သူတို့ရဲ့ဖုန်းတွေကို တစ်ညလုံး ကြိုးတန်းလန်းနဲ့ အားသွင်းထားတဲ့အစား မနက်ကျမှ အားသွင်းနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Oppo ဟာ သူတို့အတွက် VOOC နဲ့ပတ်သက်တဲ့ သမိုင်းမှတ်တိုင်အတွက် အထိမ်းအမှတ်ပွဲကို စည်စည်ကားကား ကျင်းပခဲ့ပြီး Oppo R17 Pro အတွက် ကာဗာတွေ ဖြန့်ချိမှုကိုလည်း ပရိုမိုးရှင်းပြုလုပ်သွားခဲ့ပါတယ်။ Pikachu ကို သူတို့ရဲ့ Ambassador အဖြစ် မိတ်ဆက်ခဲ့ပြီး Pikachu sticker ကပ်ထားတဲ့ 5V/10A output ပေးနိုင်တဲ့ 10,00mAh Powerbank ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ၂၀၁၈ နှောင်းပိုင်းထုတ် စမတ်ဖုန်းအများစုဟာ Oppo ရဲ့ VOOC အမြန်အားသွင်းစနစ်လိုမျိုး Fast Charging စနစ်ကို အသုံးပြုထားကြတာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူများကြားမှာ ပိုမိုများပြားတဲ့ ဘက်ထရီပမာဏကို တောင်းဆိုမှု များပြားပြီးတဲ့နောက် Fast Charging စနစ်တွေ၊ Wireless Charging စနစ်တွေလည်း ရေပန်းစားလာခဲ့ပြီ ဖြစ်ပါတယ်။

Ref: gsmarena