OPPO က စမတ်တီဗီ ထုတ်လုပ်ရောင်းချမယ်ဆိုတာ အရင်နှစ် ခရစ်စမတ်ကာလထဲက သတင်းထွက်နေခဲ့တာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက အဲဒီ သတင်း တိကျခိုင်မာတယ်ဆိုတဲ့ အထောက်အထားတွေကို မျှဝေလိုက်ပါတယ်။ OPPO က တရုတ်မှာ 5G စီးပွားဖြစ်ရတဲ့ ၁ နှစ်အထိမ်းအမှတ် အဖြစ် တရားဝင် ဝီဘို အကောင့်မှာ မျှဝေလိုက်တဲ့ ပုံမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ပါလာပါတယ်။ အဲဒီထဲမှာ စမတ်တီဗီလည်း ပါဝင်ပါတယ်။

OPPO ရဲ့ အမွှာ ကုမ္ပဏီ realme က Android TV မောင်းနှင်ထားတဲ့ စမတ်တီဗီတွေကို အိန္ဒိယမှာ မကြာခင်က ရောင်းချခဲ့ပြီး အဲဒီ စမတ်တီဗီတွေမှာ Google Assistant ပါပါတယ်။ ဈေးကလည်း အရမ်းချိုတဲ့အတွက် အိန္ဒိယမှာ ကြီးစိုးနေတဲ့ Xiaomi MI TV တွေကို ယှဉ်ဖိုက်မှာပါ။

OPPO က မနေ့ကပဲ Enco W51 အမည်ရ True Wireless Earphones နဲ့ OPPO Band တို့ကို ကြေညာခဲ့ပြီး အဲဒီ ထုတ်ကုန်တွေဟာလည်း OPPO အခု မျှဝေလိုက်တဲ့ ပုံမှာ ပါလာပါတယ်။ စမတ်တီဗီကိုတော့ အခုအချိန်အထိ မကြေညာရသေးပါဘူး။ Nokia ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စမတ်တီဗီကို ကြေညာခဲ့ပြီး စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများဟာ စမတ်တီဗီ ဈေးကွက်ကို နယ်ချဲ့လာနေကြပါတယ်။

Ref : gsmarena