မကြာခင်ကပဲ OPPO Find X3 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုတော့ OPPO က တရားဝင် ဝီဘို အကောင့်ကနေ Find X3 Series ကို မတ်လမှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Oppo confirms Find X3 arrival in March

OPPO ရဲ့ ပို့စ်မှာ  “See the #ImpossibleSurface in March.” လို့ ရေးသားထားပြီး OPPO ဟာ အနောက်ကင်မရာတွေ ကြွတက်လာတဲ့ ဒီဇိုင်းကို အသုံးပြုထားမယ်လို့ ထင်ပါတယ်။ ခေတ်ပေါ် စမတ်ဖုန်းတွေမှာလို အနောက်ကင်မရာတွေဟာ ပုံသေ ငေါထွက်နေတဲ့ ဒီဇိုင်း မဟုတ်ပါဘူး။

Oppo Find X3 Pro leaks in official-looking renders, showcasing unique camera hump

နောက်ဆုံးပေါက်ကြားလာတဲ့ သတင်းအရ Find X3 Pro မှာ Periscope Lens ပါလာမှာ မဟုတ်ပါဘူး။ OPPO ဟာ Find X2 Pro မှာ အဲဒီ Lens နေရာချဖို့ အခက်အခဲတွေတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ Find X3 Pro မှာ ခေတ်ပေါ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာလို ကြိုးမဲ့အားသွင်းနည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Oppo Find X3 Pro leaks in official-looking renders, showcasing unique camera hump

OPPO ဟာ အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားတဲ့ ဒီဇိုင်း မဟုတ်ဘဲ Vegan Leather ကို ဆက်လက် အသုံးပြုထားမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို Display အောက်မှာ ထည့်ထားမှာပါ။

Ref : gsmarena