[Unicode]

OPPO ဟာ တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပတဲ့ Reno3 Series ပွဲအတွင်း ကုမ္ပဏီရဲ့ ကြိုးမဲ့နားကြပ်စစ်စစ်တွေကိုလည်း တစ်ပါတည်း ပွဲထုတ်သွားခဲ့တာ တွေ့ရပါတယ်။ ဒီနားကြပ်တွေကို OPPO Enco Free လို့ အမည်ပေးထားတာလည်း ဖြစ်ပါတယ်။

OPPO Enco Free ဟာ 13.4mm dynamic drivers နဲ့ဖြစ်တာကြောင့် ကြိမ်နှုန်းတုန့်ပြန်မှုဟာ 16Hz ကနေ 20Hz အထိ ရှိတယ်လို့ သိရပါတယ်။ Audio အရည်အသွေးကတော့ စတူဒီယိုအတိုင်းလို့ဆိုပါတယ်။ ဒီဇိုင်းပိုင်းကိုလည်း Half in-ear ဒီဇိုင်းပြုလုပ်ထားပြီး ဆီလီကွန် အစွပ်ကလည်း အရွယ်အစားသုံးမျိုး ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

နားကြပ်တစ်ဖက်စီရဲ့ အလေးချိန်က 4.6 grams တွေပဲဖြစ်ပါတယ်။ ဒီနေ့ခေတ် ကြိုးမဲ့နားကြပ်တွေရဲ့လိုအပ်ချက်ဖြစ်တဲ့ ပြင်ပအသံတွေကို တားဆီးပေးနိုင်တဲ့ Noise cancellation စနစ်လည်း ပါဝင်တာကိုတွေ့ရပါတယ်။ Latency ကတော့ 120 ms အနည်းဆုံး ဖြစ်မယ်လို့ OPPO က ပြောထားပါတယ်။

OPPO Enco Free ဟာ Bluetooth 5.0 နဲ့လာပြီး အကွာအဝေးက ၁၀ မီတာအထိရပါတယ်။ 31mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ ပလတ်စတစ် case နဲ့အတူ USB-C port သုံးပြီး အားသွင်းနိုင်ပါတယ်။ နားကြပ်တွေပဲ သီးသန့်သုံးမယ်ဆိုရင်တော့ ဖုန်းပြောမယ်ဆိုရင် ၃ နာရီကြာပြောနိုင်ပြီး၊ သီချင်းနားထောင်မယ်ဆိုရင် ၅ နာရီကြာ သုံးနိုင်မယ်လို့ သိရပါတယ်။

Case ကတော့ 410mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ Case နဲ့ တွဲသုံးရင်တော့ ဖုန်းပြောမယ်ဆိုရင် ၁၅ နာရီပြောနိုင်ပြီး သီချင်းကို ၅၀ ရာခိုင်နှုန်းအထိပဲ အသံမြှင့်ပြီးနားထောင်မယ်ဆိုရင် ၂၅ နာရီကြာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အရောင်အားဖြင့် အဖြူ၊ ပန်းရောင်နဲ့ အနက်ရောင် ဆိုပြီး သုံးမျိုးထုတ်ထားပါတယ်။ စျေးနှုန်းကတော့ တရုတ်ငွေ ၆၉၉ ယွမ် (မြန်မာငွေ ၁သိန်းခွဲ ဝန်းကျင်) ကျသင့်မှာပါ။

Ref: GSM Arena

[Zawgyi]

ေပါ့ပါးၿပီး ဒီဇိုင္းလန္းတဲ့ Enco Free ႀကိဳးမဲ့နားၾကပ္ေတြကို မိတ္ဆက္သြားတဲ့ OPPO

OPPO ဟာ တ႐ုတ္ႏိုင္ငံ Hangzhou မွာ က်င္းပတဲ့ Reno3 Series ပြဲအတြင္း ကုမၸဏီရဲ႕ ႀကိဳးမဲ့နားၾကပ္စစ္စစ္ေတြကိုလည္း တစ္ပါတည္း ပြဲထုတ္သြားခဲ့တာ ေတြ႕ရပါတယ္။ ဒီနားၾကပ္ေတြကို OPPO Enco Free လို႔ အမည္ေပးထားတာလည္း ျဖစ္ပါတယ္။

OPPO Enco Free ဟာ 13.4mm dynamic drivers နဲ႔ျဖစ္တာေၾကာင့္ ႀကိမ္ႏႈန္းတုန႔္ျပန္မႈဟာ 16Hz ကေန 20Hz အထိ ရွိတယ္လို႔ သိရပါတယ္။ Audio အရည္အေသြးကေတာ့ စတူဒီယိုအတိုင္းလို႔ဆိုပါတယ္။ ဒီဇိုင္းပိုင္းကိုလည္း Half in-ear ဒီဇိုင္းျပဳလုပ္ထားၿပီး ဆီလီကြန္ အစြပ္ကလည္း အ႐ြယ္အစားသုံးမ်ိဳး ျပဳလုပ္ေပးထားတယ္လို႔ သိရပါတယ္။

နားၾကပ္တစ္ဖက္စီရဲ႕ အေလးခ်ိန္က 4.6 grams ေတြပဲျဖစ္ပါတယ္။ ဒီေန႔ေခတ္ ႀကိဳးမဲ့နားၾကပ္ေတြရဲ႕လိုအပ္ခ်က္ျဖစ္တဲ့ ျပင္ပအသံေတြကို တားဆီးေပးႏိုင္တဲ့ Noise cancellation စနစ္လည္း ပါဝင္တာကိုေတြ႕ရပါတယ္။ Latency ကေတာ့ 120 ms အနည္းဆုံး ျဖစ္မယ္လို႔ OPPO က ေျပာထားပါတယ္။

OPPO Enco Free ဟာ Bluetooth 5.0 နဲ႔လာၿပီး အကြာအေဝးက ၁၀ မီတာအထိရပါတယ္။ 31mAh ဘက္ထရီနဲ႔ျဖစ္ပါတယ္။ ပလတ္စတစ္ case နဲ႔အတူ USB-C port သုံးၿပီး အားသြင္းႏိုင္ပါတယ္။ နားၾကပ္ေတြပဲ သီးသန႔္သုံးမယ္ဆိုရင္ေတာ့ ဖုန္းေျပာမယ္ဆိုရင္ ၃ နာရီၾကာေျပာႏိုင္ၿပီး၊ သီခ်င္းနားေထာင္မယ္ဆိုရင္ ၅ နာရီၾကာ သုံးႏိုင္မယ္လို႔ သိရပါတယ္။

Case ကေတာ့ 410mAh ဘက္ထရီနဲ႔ျဖစ္ပါတယ္။ Case နဲ႔ တြဲသုံးရင္ေတာ့ ဖုန္းေျပာမယ္ဆိုရင္ ၁၅ နာရီေျပာႏိုင္ၿပီး သီခ်င္းကို ၅၀ ရာခိုင္ႏႈန္းအထိပဲ အသံျမႇင့္ၿပီးနားေထာင္မယ္ဆိုရင္ ၂၅ နာရီၾကာ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။ အေရာင္အားျဖင့္ အျဖဴ၊ ပန္းေရာင္နဲ႔ အနက္ေရာင္ ဆိုၿပီး သုံးမ်ိဳးထုတ္ထားပါတယ္။ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၆၉၉ ယြမ္ (ျမန္မာေငြ ၁သိန္းခြဲ ဝန္းက်င္) က်သင့္မွာပါ။

Ref: GSM Arena