ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်သော OPPO မှ ပေါ်လွင် တောက်ပြောင် ဖက်ရှင်ကျသည့် ဒီဇိုင်း၊ မြန်ဆန်တိကျသော စမတ်ဖုန်းစွမ်းဆောင်ရည်နှင့်အတူ ခေတ်မီနည်းပညာဖြင့် ဆန်းသစ်ထားသော AI Portrait ကင်မရာ ၆ ခုနှင့် 30W VOOC Flash Charge 4.0 နည်းပညာတို့ ပါဝင်လာသော “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်”နှင့် OPPO F17 Pro ကို မြန်မာငွေ ၃၉၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ထို့အပြင် Shop.com.mm တွင်လည်း https://bit.ly/344RiZq ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။

ယခုစတင် ရောင်းချလိုက်သည့် OPPO F17 Pro ကို ကမ္ဘာ့ပထမဆုံး Shiny Matte ပုံစံဖြင့် ဖန်တီးပြုလုပ်ထား၍ အပြာရောင်နှင့် ခရမ်းရောင်တို့၏ ရောစပ်မှုကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုလိုက်တိုင်း အရောင်သစ်သဖွယ် မြင်တွေ့ရမည့် Magic Blue အရောင်နှင့် High-end Premium Look ကို ပေးစွမ်းနိုင်မည့် Matte Black အရောင်ဟူ၍ အရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်သည်။ ထို့ပြင် လာရောက် ဝယ်ယူသူများကိုလည်း ဘေးတစောင်းလွယ်အိတ် iLike Bag နှင့် Mytel Simcard အသစ် အသုံးပြုသူများအတွက် 10GB Data Package ကိုလည်းကောင်း၊ Mytel Simcard အဟောင်းသုံးစွဲနေသူများအတွက် 5GB Data Package ကိုလည်းကောင်း အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ပြီး Mytel Simcard ကို Slot 1 တွင် ထည့်သွင်း အသုံးပြု၍ ၎င်း Gift Code များ ရယူနိုင်မည်ဖြစ်သည်။

OPPO F17 Pro သည် သူမတူသော ပေါ့ပါးပါးလွှာမှုကို သုံးစွဲသူများထံ ယူဆောင်ပေးနိုင်ရန် 7.48mm ဖုန်းအထူ နှင့် အလေးချိန် 164g သာရှိအောင် ဖန်တီးပြုလုပ်ထာပြီး 220 Degree Edge ဒီဇိုင်းဖြင့် ထောင့်ချိုးလှပသေသပ်ကာ အကောင်းဆုံးသော Hand-feeling ကို ပေးစွမ်းနိုင်သည်။ အသေးငယ်ဆုံးသော 3.7mm Mini Punch Hole Display နှင့်အတူ ကြီးမားကျယ်ပြန့်သော 6.43-inch FHD+ Super AMOLED Display ကြောင့် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ရာ၌လည်း အကောင်းဆုံး ကြည့်ရှု ခြင်း အတွေ့အကြုံကို ဖန်တီးပေးနိုင်သည်။ ထို့ပြင် 4000mAh ဘက်ထရီနှင့်အတူ 30W VOOC Flash Charge 4.0 နည်းပညာ ပါဝင်သည့်အတွက် ၅ မိနစ် အားသွင်း၍ ၄ နာရီ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး၂၀ မိနစ် အားသွင်းရုံဖြင့် ၅၃ ရာခိုင်းနှုန်း ရောက်အောင် အားသွင်းနိုင်ကာ ၅၃ မိနစ် အားသွင်းရုံဖြင့် အားအပြည့်ဖြည့်သွင်းနိုင်မည်ဖြစ်သည်။

ယခု မြန်မာကျပ်ငွေ ၃၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချလိုက်သော “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နှင့် OPPO F17 Pro သည် ဈေးနှုန်းတူဖုန်းများထဲတွင် AI Portrait ကင်မရာ ၆ ခု အပြင် ထူးခြားဆန်းသစ်သော ကင်မရာလုပ်ဆောင်ချက်များ အစုံလင်ဆုံး ပါဝင်သော ဖုန်းဖြစ်သည်။ OPPO F17 Pro ၏ 48MP Main Camera၊ 8MP Wide Angle၊ 2MP Mono နှင့် 2MP Mono စသည့် Rear Camera ၄ လုံး၊ 16MP Main Camera၊ 2MP Depth Sensor စသည့် Front Camera ၂ လုံးတို့ကို အသုံးပြု၍ Portrait Photography များသာမက အခြားမည်သည့်ဖုန်းများတွင် ရှာမတွေ့နိုင်သော Video stabilization နှင့်အတူ အကောင်းဆုံးသော လက်ရာမြောက်ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။

OPPO F17 Pro ၏ ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် AI Color Portrait, AI Night Flare Portrait တို့ကိုလည်း ခေတ်မီဆန်းသစ်ထားသော ပုံစံအသစ်ဖြင့် တွေ့မြင်နိုင်မည်ဖြစ်ပြီး Dual Lens Bokeh လုပ်ဆောင်ချက်ဖြင့် Portrait Selfie ရိုက်ကူးနိုင်ရုံသာမက လူအများနှင့် ဗီဒီယိုရိုက်ကူးရာတွင်လည်း အနောက်ဘက်ရှိ အခြားသူများကို မတော်တဆ မှုန်ဝါးသွားခြင်းများ မဖြစ်စေဘဲ အရည်အသွေးကောင်းမွန်သော Bokeh Effect ကို ပေးစွမ်းနိုင်သည်။ AI processing နှင့်အတူ လူတစ်ယောက်၏ အသေးစိတ်များဖြစ်သည့် နားကပ်၊ ဆံပင်များကိုလည်း မှုန်ဝါးခြင်းမရှိဘဲ တိကျစွာ ရိုက်ကူး နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားထပ်ဆောင်း ပုံရိပ်လုပ်ဆောင်ချက်များဖြစ်သည့် AI Beautification 2.0၊ Ultra Night Mode 2.0၊ Ultra Wide Angle တို့ထည့်သွင်းထားပြီး Slow-Motion Video နှင့် 4K Video များကိုလည်း ရိုက်ကူးပုံဖော် နိုင်သည်။

ယခု စတင်ရောင်းချပေးလိုက်သော 8GB RAM + 128GB ROM ပါရှိသည့် OPPO F17 Pro ကို အားသွင်းမှု အမြန်ဆုံး ဖြစ်အောင် ဖန်တီးထားသည်သာမက အသုံးပြုမှု‌ချောမွေ့ မြန်ဆန်စေရန် စွမ်းဆောင်ရည်မြင့်မားသော MediaTek Helio P95 AI Chipset ကို ပံ့ပိုးတပ်ဆင်ထား၍ Anti-lag Algorithm လုပ်ဆောင်ချက်သည် ဖုန်းများတွင်ဖြစ်ပေါ်လေ့ရှိသော ထစ်ငေါ့ခြင်း၊ ရပ်တန့်ခြင်း၊ ဖုန်းလေးခြင်းနှင့် ဖုန်းဟန်းခြင်းပြဿနာများကို အလျင်အမြန်ရှာဖွေ ရှင်းလင်းလျှော့ချကာ ဖုန်း စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပြီး အသုံးပြုသူများကို မြန်ဆန်ကောင်းမွန်သော ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ပေးနိုင် သည်။ ထို့ပြင် သုံးစွဲသူများ၏ နေ့စဥ်ဘဝကို အဆင်ပြေလွယ်ကူစေရန် OPPO F17 Pro ၏ Super Power Saving Mode နှင့် AI Night Charging တို့မှ ကူညီပေးနိုင်သည်။ Super Power Saving Mode ကို အသုံးပြု၍ ဘက်ထရီ ၅ ရာခိုင်နှုန်း ကျန်ရှိရုံဖြင့် ၆၀ မိနစ် Viber သို့မဟုတ် Messenger ကိုလည်းကောင်း၊ ၃၅ မိနစ် Grab ကို လည်းကောင်း၊ ၇၀ မိနစ် ဖုန်း ခေါ်ဆိုမှုများကို လည်းကောင်း ပြုလုပ်နိုင်သည်။ ဆန်းသစ်သော AI Night Charging စနစ်ဖြင့် ညအချိန် ဖုန်းအားဖြည့် သွင်းရာတွင် AI မှ သတ်မှတ်ထားသော မနက်နိုးထခါနီးအချိန်တွင်မှ ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်းအထိ အားပြည့်အောင် ချိန်ညှိပြုလုပ်ပေးမည်ဖြစ်သည်။

“ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နှင့် OPPO F17 Pro တွင် သုံးစွဲသူများအတွက် ပျော်ရွှင်စရာ ဖုန်းသုံးစွဲမှု အတွေ့ အကြုံများကို ပေးစွမ်းနိုင်ရန် Air Gesture လုပ်ဆောင်ချက်ကို ထည့်သွင်းထားသည့်အတွက် လက်မြှောက်၍ ဖုန်းဖြေ ကြားခြင်းများကို လုပ်ဆောင်နိုင်ပြီး Gesture Selfie ကို အသုံးပြု၍ Selfie ပုံရိပ်များကို အဆင်ပြေလွယ်ကူစွာ ရိုက်ကူး နိုင်မည်ဖြစ်သည်။ ဤ ထူးခြားဆန်းသစ်သော စွမ်းဆောင်ရည်များနှင့် ပြီးပြည့်စုံသော ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 Pro ကို Magic Blue နှင့် Matte Black ဟူ၍ အရောင်(၂) မျိုး တို့ဖြင့် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်ပြီး Shop.com.mm တွင်လည်း ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်နေပြီဖြစ်သည်။

Source – OPPO