OPPO F21 Pro ကို မြန်မာနိုင်ငံတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် မေလ (၁၁) ရက်မှ (၁၅) ရက်ထိ Pre-order များ စတင်မှာယူနိုင်ပြီ။

 

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အတူ OPPO F21 Pro ကို မေလ (၁၀) ရက်နေ့တွင် Online Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်သို့ ၆၂၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း OPPO မှ သတင်း ထုတ်ပြန် လိုက်သည်။ အဆိုပါ Online Launch Event တွင် အနုပညာရှင်များဖြစ်ကြသော ခင်ဝင့်ဝါ၊ လွှမ်းပိုင်နှင့် ထူးအောင်တို့ ကလည်း ပါဝင်ဖျော်ဖြေခဲ့ပြီး OPPO F21 Pro ဖုန်းအကြောင်း ဆွေးနွေးခဲ့ကြကာ ပျော်ရွင်ဖွယ်ရာ Activity များ ပြုလုပ်ခဲ့ကြသည်။

OPPO F21 Pro ကို Sunset Orange နှင့် Cosmic Black ဟူ၍ အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး မေလ (၁၁) ရက်မှ (၁၅) ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ကာ Pre-order Gift အနေဖြင့် ခရီးဆောင်အိတ်ကို ရရှိမည်ဖြစ်သည်။

ပါးလွှာကျစ်လစ် သစ်လွင်သော ဒီဇိုင်း

OPPO F21 Pro ဒီဇိုင်းပိုင်းတွင် အသုံးပြုသူများ နှစ်ခြိုက်စေမယ့် အရောင်နဲ့ ဒီဇိုင်းများကို အရည်အသွေးမြင့်ပြီး အကြမ်းခံသည့် ပုံစံဖြင့် ထုတ်လုပ်ပေးထားသည်။ Sunset Orange အရောင်သည် မြန်မာနိုင်ငံရှိ Smartphone Industry တွင် ပထမဦးဆုံး Fiberglass-leather ဒီဇိုင်းဖြင့် ‌ဝင်ရောက်လာသော Smartphone ဖြစ်သည်။ ထို Fiberglass-Leather Design သည် ဂျင်းနှင့် ပွတ်တိုက်စမ်းသပ်မှု အကြိမ် နှစ်သိန်းခန့်နှင့် ခဲဖျက်ဖြင့် ပွတ်တိုက် စမ်းသပ်မှု အကြိမ် တစ်သောင်းခန့်ကိုလည်း ဖြတ်‌‌ကျော်နိုင်ခဲ့သည်။ Comic Black အရောင်သည် တောက်ပပြီး လက်ဗွေရာ မထင်စေသည့် OPPO Glow Design Process ဖြင့် ဖန်တီးပြုလုပ်ထားသည်။

အရည်အသွေးမြင့်သော ကင်မရာလုပ်ဆောင်ချက်များ

Style သစ်လွင် Selfie ဘုရင် OPPO F21 Pro သည် မြန်မာနိုင်ငံတွင် SONY Ultra-sensing IMX 709 Hardware Sensor တပ်ဆင်ထားသော Selfie Camera ပါဝင်လာသည့် ပထမဦးဆုံးဖုန်းဖြစ်သည်။ ထို SONY Ultra-sensing IMX 709 Sensor သည် SONY နဲ့ OPPO တို့ အထူးပူးပေါင်းတီထွင်ဆန်းသစ်ထားတဲ့ Sensor တစ်ခုဖြစ်ပြီး အလင်းအာရုံခံကိရိယာ ၁၆ ခုပါဝင်သာ RGBW sensor ဖြစ်သည်။ OPPO F21 Pro တွင် မြန်မာနိုင်ငံတွင် ပထမဆုံး Zoom အဆ ၃၀ ထိ ပြုလုပ်ရိုက်ကူးနိုင်တဲ့ Microlens လည်း ပါဝင်လာမည်ဖြစ်သည်။ Microlens ကို အသုံးပြုပြီး ဓာတ်ပုံသာမက Video လည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။ တစ်ကျော့ပြန် Selfie ဘုရင်ဟု ဆိုရလောက်အောင် အရည်အသွေး ကောင်းမွန်‌သော 32 MP Selfie Camera ပါဝင်လာပြီး အနောက်ဖက် ကင်မရာများအနေဖြင့် 64 MP Main Camera, 2MP Depth Camera နှင့် 2MP Microlens တို့ကို Triple Camera Setup အနေဖြင့် အသုံးပြု ပေးထားသည်။

ကောင်းမွန်သော ရုပ်ထွက်နှင့် ဖုန်းအသုံးပြုရာတွင် လျင်မြန်ချောမွေ့စေမည့် Screen

Style သစ်လွင် Selfie ဘုရင် OPPO F21 Pro ၏ Screen Size က 6.4” ဖြစ်ပြီး AMOLED Punch-Hole Display ကို အသုံးပြုထားသောကြောင့် ကြည့်ရှုအသုံးပြုသည့်အခါ ကောင်းမွန်သာ ရုပ်ထွက်ကို ခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် 90Hz Screen Refresh Rate နှင့် တွဲဖက်ပေးထားသောကြောင့် ဖုန်းအသုံးပြုရာတွင် လျင်မြန်ချောမွေ့စေပြီး ကောင်းမွန်သည့် မျက်နှာပြင် ထိတွေ့ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

အားသွင်းမြန်ဆန်စေမည့် SUPERVOOC နှင့် ဘက်ထရီ

OPPO F21 Pro တွင် ကြာရှည်အသုံးခံသည့် ကြီးမားသော 4500mAh Battery နှင့် ဗို့အားနည်း အားသွင်းမြန် စနစ်ဖြစ်သည့် 33W SUPERVOOC အမြန်အားသွင်းစနစ်ပါဝင်ပြီး တစ်နာရီအတွင်း အားအပြည့် သွင်းနိုင်မည်ဖြစ်ကာ ၅ မိနစ်အားသွင်းပြီး မိနစ် ၁၆၀ ဖုန်းပြောနိုင်သလို ၅မိနစ် အားသွင်းပြီးလျှင် ၂နာရီအထိ Game ကစားနိုင်မည်ဖြစ်သည်။

ဖုန်းသုံးစွဲမှု အတွေ့အကြုံ ပိုမိုကောင်းမွန်စေဖို့

OPPO F21 Pro တွင် RAM 8GB နှင့် ROM 128GB ပါဝင်ပြီး Qualcomm Snapdragon 680 6nm ထည့်သွင်း ထားသည့်အတွက် ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကိုလည်း အသုံးပြုသူတို့ ခံစားတွေ့ကြုံနိုင်မည် ဖြစ်သည်။ အချိန်တိုင်းသွက်လက်သောအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO F21 Pro တွင် Android Version 12 ကို အခြေခံထားသော OPPO ၏ ကိုယ်ပိုင် OS ဖြစ်သည့် နောက်ဆုံးပေါ် ColorOS Version 12 ကို အသုံးပြု ထားသည်။

OPPO F21 Pro ကို မြန်မာနိုင်ငံတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် မေလ (၁၁) ရက်မှ (၁၅) ရက်ထိ Pre-order များ စတင်မှာယူနိုင်ပြီ ဖြစ်ကာ မကြာမီ စျေးကွက်အတွင်း စတင်ဝယ်ယူနိုင်မည့်နေ့ရက်ကိုလည်း OPPO မှ ထပ်မံကြေညာပေးသွားမည် ဖြစ်သည်။

Press Release – OPPO