OPPO က F Series စမတ်ဖုန်း အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီက မကြာခင် F21s Pro ကို ချပြမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Pro မော်ဒယ်နဲ့အတူ ရိုးရိုး F21s ကိုပါ ကြေညာမယ်လို့ သတင်းထွက်လာပြီး F21s ရဲ့ ဓါတ်ပုံ ၁ ပုံပါ ပေါက်ကြားလာပါတယ်။

Oppo F21s Pro live image

OPPO F21s Series မှာ F21s နဲ့ F21s Pro စတဲ့ မော်ဒယ် ၂ လုံး ပါလာမယ်လို့ သတင်းထွက်လာပြီး အဲဒီဖုန်း ၂ လုံးမှာ 8GB RAM နဲ့ 128GB Storage ပါလာနိုင်ပါတယ်။ ကုမ္ပဏီက Pro မော်ဒယ်ကို အတည်ပြုထားပေမယ့် ရိုးရိုး မော်ဒယ်အကြောင်းကို မပြောသေးပါဘူး။

OPPO F21 Pro | OPPO မြန်မာ

OPPO F21s Pro ရဲ့ ဓါတ်ပုံ ၁ ပုံထွက်လာပြီး ကုမ္ပဏီက ပြသထားတဲ့ ဒီဇိုင်းနဲ့ တူတဲ့အတွက် တကယ့် F21s Pro ရဲ့ ဓါတ်ပုံလို့ ထင်ပါတယ်။ အနောက်ဘက်မှာ လေးထောင့်ပုံသဏ္ဍာန် ကင်မရာ အကွက် ပါလာပြီး ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို တွေ့ရပါတယ်။ ရွှေရောင် ဖြစ်ပြီး အနက်‌ရောင်လည်း ထွက်လာနိုင်ပါတယ်။

ဓါတ်ပုံရဲ့ နောက်ခံမှာ တခြား ဖုန်း ၁ လုံးကိုတွေ့ရပြီး အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ အဲဒါဟာ OPPO F21s ဖြစ်နိုင်ပါတယ်။

ရိုးရိုး မော်ဒယ်ရဲ့ Specs တွေကို မသိရသေးပေမယ့် ကုမ္ပဏီက F21s Pro မှာ ခြစ်ရာနဲ့ ရေစိုခံစံနှုန်း ပါလာမယ်လို့ အတည်ပြုထားပါတယ်။ အရာဝတ္ထုတွေကို ၁၅ ဆကနေ အဆ ၃၀ ချဲ့နိုင်တဲ့ 2MP Microscopic Lens နဲ့ 64MP ကင်မရာ ပါလာမှာပါ။

Ref : gizmochina