OPPO ရဲ့ F Series စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ OPPO F7 ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင် ထွက်ရှိခဲ့တာ သက်တမ်း ၂ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း OPPO ကနေ F7 Series စမတ်ဖုန်းအသုံးပြုသူတွေအတွက် Android 10 OS Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Android 10 OS Update အပြင် OPPO F7 စမတ်ဖုန်းဟာ ColorOS 7 ပါ ရရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android 10 ရဲ့ Feature အသစ်တွေဖြစ်တဲ့ System-wide Dark Mode ၊ Navigation Gesture အသစ်တွေ၊ Focus Mode ပါဝင်လာတဲ့ Digital Well-being Feature နဲ့ Camera UI ပိုင်းပြောင်းလဲမှုတွေပါဝင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ AirDrop ပုံစံမျိုး Device အချင်းချင်း File Transfer ပြုလုပ်နိုင်မယ့် Feature အသစ်လည်း ပါဝင်လာမှာပါ။

ဒီလိုမျိုး Android 10 ကို အခြေခံထားတဲ့ ColorOS 7 ကို အသုံးပြုချင်တယ်ဆိုရင် လက်ရှိနောက်ဆုံး ColorOS 6 Firmware Update ကို အရင်တင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ African နဲ့ Asian နိုင်ငံအများအပြားကို စတင်ထုတ်ပေးနေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်ပိုင်းမှာ တခြားသော Region တွေအတွက်ပါ ထုတ်ပေးသွားမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ထွက်ရှိခဲ့တာ ၂ နှစ်လောက်ရှိနေပြီဖြစ်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်နေပေမယ့်လည်း Android 10 ကို အခြေခံထားတဲ့ ColorOS 7 Update အပြင် June, 2020 Android Security Patch ပါ ပါဝင်လာမယ့်အတွက် တော်တော်လေးကို အားရဖို့ကောင်းနေပါတယ်။

Ref – XDA-Developers