Oppo ရဲ့ F7 စမတ်ဖုန်းဟာ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြသွားမှာဖြစ်ပြီးတော့ အခုအချိန်မှာ Oppo ကုမ္ပဏီကနေ “Super Full Screen” ဆိုတဲ့ နာမည်နဲ့ ကြော်ငြာတွေပြုလုပ်နေပြီပဲဖြစ်ပါတယ်။

Oppo F7 စမတ်ဖုန်းဟာ ဘာဖြစ်လို့ “Super Full Screen” လို့ ခေါ်ဆိုရသလဲဆိုရင်တော့ အခု F7 စမတ်ဖုန်းမှာ Oppo ဟာ ကြီးမားတဲ့ 19:9 Ratio 6.2″ Full HD+ Display ကို အသုံးပြုလာမယ့်အပြင် Screen-to-body Ratio ဟာ လက်ရှိအချိန်မှာ အမြင့်မားဆုံးဖြစ်တဲ့ 89.09% ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Oppo F7 စမတ်ဖုန်းဟာ Selfie Expert ဆိုတဲ့ နာမည်ကို ဆက်လက်သယ်ဆောင်လာမှာဖြစ်ပြီးတော့ AI နည်းပညာတွေပါဝင်တဲ့ 25 MP Selfie Camera ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Oppo F7 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Screen-to-body Ratio အမြင့်ဆုံးစမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပေမယ့်လည်း Selfie Camera အတွက်တော့ Display မှာ Notch ကို ထည့်သွင်းလာဦးမှာပဲဖြစ်ပါတယ်။