မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဇန်နဝါရီ (၃) ရက်။ ။ ငြိမ်းချမ်းမှု နှင့် ပျော်ရွှင်ချမ်းသာမှုဂုဏ်တို့ကိုဆောင်သော ကျောက်စိမ်း၏ အရောင်များ ဖြစ်ကြသည့် အဖြူရောင် နှင့် အစိမ်းရောင် တို့အား အခြေခံ ဖော်စပ်ထားသော Gradient Color သစ် Jade Green ကို F9 အတွက် OPPO မှ မြန်မာနိုင်ငံတွင် မိတ်ဆက် ပေးတော့မည် ဖြစ်သည်။ OPPO F9 အား Sunrise Red, Twilight Blue နှင့် Starry Purple Gradient အရောင်များ နှင့် မိတ်ဆက် ပေးထားပြီးဖြစ်ပြီး ထူးခြားသော ဂုဏ်သတ္တိများကို ကိုယ်စားပြုသော Jade Green အရောင်ကို OPPO Myanmar မှ ထပ်မံ မိတ်ဆက်ပေးတော့မည်ဖြစ်ပါသည်။

Gradient ပုံစံ Jade Green တွင် အဖြူ နှင့် အစိမ်း နှစ်ရောင်စပ်ပေါ်တွင် ခန့်ညားသော အရောင်ဖြစ်သည့် ရွှေရောင်ကို ဘေးဘောင် နှင့် ကင်မရာတစ်ဝိုက်တွင် လှပသေသပ်စွာ အနားကွပ် ပေးထားပြီး Jade Green အရောင်သစ် ကို OPPO Myanmar မှ ဇန်နဝါရီ (၅) ရက်နေ့တွင် (၄၁၉ ,၉၀၀) ကျပ်ဖြင့် တစ်နိုင်ငံလုံးအနှံ့စတင် ရောင်းချပေးသွားမှာ ဖြစ်ပါသည်။ OPPO F9 (Jade Green) ကို ဝယ်ယူသူများအား ကျပ်တစ်သောင်းခွဲတန် ဘေးတစောင်း လွယ်အိတ်လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။ OPPO F9 (Jade Green) ဖုန်းဝယ်ယူသူများသည် OPPO Myanmar နှင့် Telenor Myanmar တို့ ပူးပေါင်းဆောင်ရွက်ထားသည့် အထူးဒေတာ ပက်ကေ့ခ်ျခံစားခွင့်ဖြစ်သော ဖုန်းဘေလ် (၃,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 0.5 GB၊ (၅,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 1 GB နှင့် (၁၀,၀၀၀) ကျပ်ဖြည့်သွင်းလျှင် 2 GB ကို နှစ်နှစ်တာအတွင်း အကြိမ်ပေါင်း (၅၀) စီ ဖြည့်သွင်းခံစားနိုင်ပြီး စုစုပေါင်းအများ ဆုံးဒေတာပမာဏ 100 GB အထိရရှိနိုင်မည်ဖြစ်သည်။

 

OPPO F9 (Jade Green) တွင် 1080×2340 pixels ရုပ်ထွက် အရည်အသွေးရှိ ၆.၃ လက်မအရွယ်ရှိ Display အမျိုးအစား ကို အသုံးပြုပေးထားပြီး ခေတ်ရှေ့ပြေး ဒီဇိုင်းတစ်ခုဟု ဆိုနိုင်မည့် ကမ္ဘာ့ပထမဆုံး Waterdrop Design ရေစက်ပုံစံ မျက်နှာပြင်ကို သုံးပေးထားခြင်းဖြစ်သည်။ မျက်နှာပြင် 19.5:9 aspect ratio ကို ရယူဖန်တီးထားသည့်အပြင် မျက်နှာပြင် နှင့် ကိုယ်ထည် အချိုးအစား (screen to body ratio) 90.8% အထိ ရှိစေမည် ဖြစ်သည့်အတွက် ဘေးဘောင် ပိုမိုကျဉ်းမြောင်းပြီး မြင်ကွင်းကျယ် အတွေ့အကြုံကို အပြည့်အဝ ရရှိစေမည်ဖြစ်သည်။ အဆင့်မြင့် AI နည်းပညာ ပေါင်းစပ်ထားသည့် 25MP ရှေ့ကင်မရာ နှင့်အတူ 16MP+2MP နောက်ကင်မရာ ၂လုံးတို့ကို ထည့်သွင်း တပ်ဆင်ပေးထားသည့်အတွက် သဘာဝကျနသည့် Selfie ဓာတ်ပုံများအပြင် Bokeh Effect ပါဝင်သော အလှဓာတ်ပုံများကိုပါ စိတ်တိုင်းကျရိုက်ယူနိုင်စေမည်ဖြစ်သည်။ Octa-core 2.0 GHz မြန်နှုန်းရှိ Helio P60 chipset နှင့်အတူ RAM 4GB တို့က မြန်ဆန်သွက်လက်သည့်စွမ်းဆောင်ရည်ကိုအပြည့်အဝ ပေးစွမ်းစေမည်ဖြစ်သည်။ Internal Memory အတွက် 64GB တစ်ပါတည်းပါဝင်ပြီး Micro SD ကဒ်မှတစ်ဆင့် 256GB အထိထပ်မံတိုးမြှင့်နိုင်စေမည်ဖြစ်သည်။

Triple-slot tray ကိုအသုံးပြုထားခြင်းကြောင့် 4G ကွန်ရက်စနစ်သုံး SIM ကဒ်၂ ကဒ်ကိုပါတစ်ပြိုင်တည်းအသုံးပြုနိုင်စေမည်ဖြစ်သည်။ Android OS 8.1 ပေါ်တွင်အခြေခံထားသည့် OPPO ၏ကိုယ်ပိုင် ColorOS 5.2 version ကထိတွေ့သုံးစွဲမှုပိုင်းပိုမိုကောင်းမွန်စေသည့်အပြင် battery သက်တမ်းကိုပါပိုမိုကြာရှည်ခံစေမည် ဖြစ်သည်။ OPPO F9 (Jade Green) တွင် ၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြောဆိုနိုင်စေမည့် VOOC Flash Charge အမြန် အားသွင်းစနစ်ပါဝင်ပြီး 3500mAh အားရှိသော ဘတ္ထရီလည်းပါဝင်ပါသည်။