အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေက ပုံမှန် Flagship ဖုန်းတွေအပြင် Foldable ဖုန်းတွေကိုပါ အပြိုင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ Samsung ၊ Huawei ၊ Motorola နဲ့ တခြားသောစမတ်ဖုန်းကုမ္ပဏီတွေက Foldable ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

အခုလည်း OPPO ကနေ မကြာခင်မှာ Foldable စမတ်ဖုန်းကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံးသိရတဲ့သတင်းအရ OPPO ကနေ Foldable ဖုန်းအတွက် မူပိုင်ခွင့်တစ်ခုကို WIPO (World Intellectual Property Organization) မှာ ရယူခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ မူပိုင်ခွင့်အရတော့ OPPO ဟာ လက်ရှိ Samsung Galaxy Z Flip နဲ့ Motorola Razr စမတ်ဖုန်းတွေလိုမျိုး ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းဒီဇိုင်းနဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ LetsGoDigital ကနေ 3D Render ဓါတ်ပုံတွေကိုပါ ဖော်ပြခဲ့ပါသေးတယ်။

Display Hinge အနေနဲ့ကတော့ မတူညီတဲ့ကိုယ်ပိုင် Hinge Mechanism ကို အသုံးပြုထားတာလည်း တွေ့ရပါတယ်။ ဒါတင်မဟုတ်သေးဘဲ 30°၊ 60°၊ 90°နဲ့ 190° ဆိုပြီး Mode ၄ မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO ကနေ ဒီ Foldable ဖုန်းအတွက် မူပိုင်ခွင့်ကို ဖေဖော်ဝါရီလကတည်းက တင်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကမှ တရားဝင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာမလဲဆိုတာကတော့ ခန့်မှန်းရခက်ပါသေးတယ်။

Ref – Gizmo China