OPPO ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Foldable ဖုန်းဖြစ်တဲ့ OPPO Find N ကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုလည်း နောက်ထပ် Foldable ဖုန်းအသစ်တွေကို မကြာခင်မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရ OPPO ကနေ Find N ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ OPPO Find N2 အပြင် နောက်ထပ် Find N2 Flip Foldable ဖုန်းတွေကို လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် OPPO ကနေ ပုံမှန်အားဖြင့် အဆိုပါ အချိန်မှာ Inno Day လို့ နာမည်ပေးထားတဲ့ Event တစ်ခုကို ပြုလုပ်လေ့ရှိပြီး နည်းပညာအသစ်တွေ၊ ကုန်ပစ္စည်းအသစ်တွေကို မိတ်ဆက်နေကျဖြစ်တာကြောင့်ဖြစ်ပါတယ်။

OPPO Inno Day ဟာ ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တရုတ်နိုင်ငံတွင်း Leakster တစ်ဦးကတော့ OPPO Find N2 နဲ့ Find N2 Flip Foldable ဖုန်းတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

OPPO Find N2 Foldable ဖုန်းဟာ လက်ရှိအချိန်မှာ အပေါ့ပါးဆုံး Foldable ဖုန်းဖြစ်လာမှာဖြစ်ပြီး အလေးချိန်အနေနဲ့ 240g အောက်ပဲရှိမှာဖြစ်ပါတယ်။ ဒါက ယခင် OPPO Find N ထက် ၁၅ ရာခိုင်နှုန်းပိုမိုပေါ့ပါးသလို တခြားသော ပြိုင်ဘက် Foldable ဖုန်းတွေထက် သိသိသာသာပေါ့ပါးနေမှာပါ။ ဒါ့အပြင် တခြားသော နည်းပညာအသစ်တွေကိုပါ OPPO Inno Day Event မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena