OPPO ဟာ လာမယ့်ဒီဇင်ဘာလအတွင်းမှာ နောက်ထပ် Foldable ဖုန်းအသစ်ဖြစ်တဲ့ Find N2 ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ OPPO Find N2 ဟာ လက်ရှိထွက်ရှိထားသမျှ Foldable ဖုန်းတွေအားလုံးထဲမှာ အပေါ့ပါးဆုံးဖြစ်လာမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ပြောကြားခဲ့တာဖြစ်ပြီး OPPO Find N2 ဟာ အလေးချိန်အနေနဲ့ 240g အောက်ပဲရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ယခင် OPPO Find N ဖုန်းထက် အလေးချိန် ၁၅ ရာခိုင်နှုန်းကျော် ပိုမိုလျော့နည်းသွားတာဖြစ်ပြီး iPhone 14 Pro Max လိုမျိုး သာမန် Flagship ဖုန်းတွေထက်တောင် ပိုပြီး ပေါ့ပါးမှာပါ။

Ice Universe ရဲ့ ပြောကြားချက်အရ OPPO ဟာ အခုလိုမျိုး အလွန်ပေါ့ပါးနေစေဖို့အတွက် Find N2 Foldable ဖုန်းမှာ Material အသစ်တွေကို ပြောင်းလဲအသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး Material တွေဖြစ်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။​

OPPO Find N2 Foldable ဖုန်းဟာ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Camera Setup ပိုင်းမှာလည်း 50MP Main Sensor ၊​ 48MP Ultrawide Sensor နဲ့ 32MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Ref – GSM Arena