OPPO ဟာ ပြီးခဲ့တဲ့မတ်လကတည်းက Find X2 , Find X2 Pro နာမည်နဲ့ Flagship စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Find X2 Lite နဲ့ Find X2 Neo ဆိုပြီး ထပ်မံမိတ်ဆက်ခဲ့သလို OPPO Find X2 Pro Lamborghini Edition ကိုလည်း ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

အခုလည်း OPPO ကနေ နောက်ထပ် Limited Edition ဖုန်းတစ်လုံးဖြစ်တဲ့ Find X2 League of Legends Edition ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ OPPO ဟာ မကြာခင်ကျင်းပတော့မယ့် League of Legends Worlds Tournament ကို တရားဝင် Sponsor ပေးထားတာဖြစ်သလို ပြီးခဲ့လပိုင်းတုန်းက League of Legends ကနေ ထုတ်လွှင့်ခဲ့တဲ့ Take Over အမည်ရှိတဲ့ Music Video မှာလည်း Find X2 League of Legends Edition ကို ထည့်သွင်းသွားခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ OPPO ကနေ Find X2 League of Legends Edition ကို တကမ္ဘာလုံးမှာ အလုံးရေ ၃,၀၀၀ ပဲထုတ်လုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကနေ စတင်ရောင်းချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း စျေးနှုန်းကိုတော့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

Find X2 League of Legends Edition က အဓိကအနေနဲ့ စိမ်းပြာရောင်နဲ့ ရွှေရောင်တွေကိုအသုံးပြုထားပြီး “Worlds” Logo ကိုပါ နောက်ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။ Camera ရဲ့ ဘေးဘက်တွေ၊ ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်ဘောင်တွေမှာလည်း ရွှေရောင်ကွပ်ထားတဲ့အတွက် တော်တော်လေးကို Design ပိုင်းမှာ လှပတယ်လို့ပြောရမှာပါ။ Find X2 League of Legends Edition ကိုဝယ်ယူမယ်ဆိုရင် Official Figure အရုပ်အပြင် တခြားသော Accessories တွေကိုပါ Customize ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

OPPO Find X2 စမတ်ဖုန်းဟာ 6.7″ 120Hz AMOLED Display ၊ Qualcomm Snapdragon 865 Chipset နဲ့ 65W Fast Charging နဲ့ 4200mAh Battery တွေပါဝင်တဲ့ Flagship ဖုန်းတစ်လုံးဖြစ်ပါတယ်။

Ref – Giz China