OPPO Reno3 Youth ကို တရုတ် ပြင်ပမှာ OPPO Find X2 Lite နာမည်နဲ့ ရောင်းမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ အခုတော့ Reno3 Pro 5G ကို တရုတ်ပြင်ပမှာ OPPO Find X2 Neo နာမည်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

OPPO Find X2 Neo ရဲ့ ဓါတ်ပုံအရ Wallpaper အပါအဝင် ဖုန်း ဒီဇိုင်းဟာ Reno3 Pro 5G နဲ့ တူနေတဲ့အတွက် အတုအယောင် ဓါတ်ပုံလို့ ထင်နိုင်ပါတယ်။ ဒါမှမဟုတ် OPPO က တရုတ်မှာ ရောင်းပေးထားတဲ့ Reno3 Series တွေကို တခြား နိုင်ငံတွေမှာ Find X2 Series အနေနဲ့ ရောင်းပေးနိုင်ပါတယ်။

Reno3 Pro 5G ရဲ့ Specs တွေက တော်တော်လန်းပြီး 48MP Main , 13MP Telephoto , 8MP Ultrawide-angle နဲ့ 2MP B/W ကင်မရာတွေ ထည့်သွင်းထားပါတယ်။ VOOC 4.0 30W Fast-charging ထောက်ပံ့တဲ့ 4,025mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းသလို အားသွင်းရင် အရမ်းမြန်ပါတယ်။ Find X2 Neo ဟာ Find X2 Lite/Reno3 Youth နဲ့ X2 Pro တွေကြားက ကွက်လပ်ကို ဖြည့်ပေးတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena