OPPO ဟာ မတ်လ ၆ ရက်နေ့မှာ Find X2 ကို ပွဲထုတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲထုတ်ရက်နီးလာလေလေ၊ ပေါက်ကြားသတင်းတွေက များလာလေလေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ CPH2020 vanilla Find X2 နဲ့ CPH2025 FInd X2 Pro အကြား ကွဲပြားခြားနားမှုတွေကို တိတိကျကျ မသိရသေးဘဲ ဖြစ်နေပါတယ်။

ကောလာဟလတွေအရဆိုရင်တော့ OPPO Find X2 နဲ့ Find X2 Pro တို့ဟာ အစိတ်အပိုင်းအတော်များများမှာ တူညီတယ်လို့ မှတ်ယူရမှာပါ။ Pro ဟာ 6.7-inch QHD နဲ့ဖြစ်ပြီး 240Hz touch-sampling rate ပါဝင်တယ်လို့ ဆိုပါတယ်။ ပေါက်ကြားမှုမှာ 120fps နဲ့ FullHD ဗီဒီယိုရိုက်ကူးနိုင်တယ်လို့ ရည်ညွှန်းထားပေမယ့် 4K, 8K တို့နဲ့ပတ်သပ်ပြီးတော့ စကားလုံးမရှိပါဘူး။

ကင်မရာတွေအကြောင်းပြောတဲ့အခါ အရှေ့ဘက်မှာတော့ 32MP selfie ကင်မရာတစ်လုံးပါဝင်တယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 48MP+48MP+13MP တွေလို့ ဆိုထားပါတယ်။ Sony IMX689 ကတော့ အဓိကကင်မရာ အတွက်ဖြစ်နိုင်ပြီး IMX586 ကတော့ Ultra-wide အတွက် ဖြစ်ပါလိမ့်မယ်။ S5K3M5 ISOCELL ကတော့ 5x hybrid zoom ထောက်ပံ့ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ Selfie ကင်မရာဟာ Under-display မဟုတ်ဘဲ Punch-hole နဲ့ဖြစ်နေတာပါပဲ။ ဘက်ထရီပိုင်းပြောရင်တော့ 4,260mAh ပမာဏဖြစ်ပြီး 65W Super-fast charging စနစ်လို့ ဆိုထားပါတယ်။ SoC ကတော့ Snapdragon 865 ပဲ သုံးလာဖွယ်ရှိပါတယ်။ Digital Chat Station ရဲ့ ပေါက်ကြားသတင်းတွေကလည်း ရာနှုန်းပြည့်မဟုတ်ပေမယ့် အများအားဖြင့် မှန်ကန်လေ့ရှိတာကြောင့် ဒီအချက်အလက်တွေအတိုင်း တကယ်ထွက်လာမလားဆိုတာ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

Ref: GSM Arena