OPPO Find X2 Pro အတွက် အစောပိုင်းမှာ Orange Vegan Leather နဲ့ Ceramic Black ၂ ရောင် ထုတ်လုပ်ပေးထားပြီး အခုတော့ Green Vegan Leather အရောင် အသစ်ကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်က ထွက်လာတဲ့ သတင်းတွေအရ သားရေ အတုဟာ တရုတ်မှာ အရမ်းကို လူကြိုက်များတဲ့အတွက် OPPO ဟာ Green Vegan Leather အရောင်ကို ထုတ်လုပ်ရောင်းချတာလို့ ပြောပါတယ်။

အဲဒီ စမတ်ဖုန်းအတွက် 12/256GB Memory ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး အရင်မော်ဒယ်တွေမှာ Storage ၂ ဆ ပိုများတာကို ရွေးချယ်နိုင်ပါတယ်။ တရုတ်မှာ ၆,၉၉၉ ယွမ်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၁၃ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။ အရောင်အသစ်ကိုလည်း ဒီဈေးနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။

OPO Find X2 Pro မှာ QHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါပါတယ်။ 48MP ကင်မရာ ၂ လုံး၊ 13MP Periscope Telephoto ၁ လုံး (5x Optical Zoom , PDAF , Laser AF နဲ့ OIS) တို့ ထည့်သွင်းထားပါတယ်။ 65W SuperVOOC 2.0 Charging က အရမ်းလန်းပြီး 4,260mAh ဘက်ထရီ ပါလာပါတယ်။ OLED မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပြီး နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားပါတယ်။

Ref : gsmarena