ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် ဘက်စုံစွမ်းဆောင်ရည်မြင့် 5G flagship Find X2 series စတင်မိတ်ဆက်မည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကြေညာလိုက်သည်။ အားလုံးစောင့်မျှော်နေကြသည့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ပွဲ ကို မတ်လ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန်တွင် OPPO Facebook Page (https://www.facebook.com/oppomyanmar/) တွင် တင်ဆက်ပေးသွားမည်ဖြစ်သည်။

OPPO အနေနှင့် စူးစမ်းရှာဖွေမှုများကို အလေးထား ဆောင်ရွက်သည့် ကုမ္ပဏီ ဖြစ်သည်နှင့် အညီ တီထွင် ဆန်းသစ်မှုများကို အမြဲတေစ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများကို အကောင်းမွန်ဆုံး အတွေ့ အကြုံများ ရရှိခံစားနိုင်ရန် အသစ်အသစ်သော ဖန်တီးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။ ထို့ကြောင့် OPPO သည် အသစ်ထုတ်လုပ်လိုက်သည့် OPPO Find X2 စီးရီးကို ခေတ်ရှေ့ပြေး စမတ်ဖုန်း အတွေ့အကြုံခံစားချက်များကို ပေးစွမ်းနိုင်အောင် ဖန်တီးခြင်းအားဖြင့် သုံးစွဲသူများကို #Uncover The Ultimate ဆိုသည့်အတိုင်း တမူထူခြားသည့် အတွေ့အကြုံများ ရရှိစေရန် ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။

OPPO Find X2 series ကို ထုတ်လုပ်ရာတွင် ထုတ်လုပ်ခဲ့သည့် စမတ်ဖုန်းများ အားလုံးအပေါ် ဝယ်ယူ သုံးစွဲ သူများ၏ တုံ့ပြန်ချက်များကို ထည့်သွင်းစဉ်းစားပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ကြီးမားသော ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့သည်။ အထူးသဖြင့် 5G ခေတ်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် OPPO ၏ အဆုံးမရှိ ဆန်းသစ်တီထွင်မှုများသည် ပိုမိုကောင်းမွန်သော စမတ်ဖုန်းတစ်ခု ဖြစ်လာစေရန် ယုံကြည်ချက်တစ်ခုပင် ဖြစ်သည်။

OPPO Find X2 စီးရီး သည် OPPO မှ နောက်ဆုံးပေါ် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသည့် အရည်အသွေးအကောင်းမွန်ဆုံး မျက်နှာပြင်အတွေ့အကြုံခံစားမှုကို ရရှိနိုင်စေရန် ဖန်တီးထားသည်။ ထို့အပြင် ရုပ်ထွက်အားကောင်းမွန်မှု၊ Screen Refresh Rate အရောင်အသွေးကောင်းမွန်မှုနှင့် High Dynamic Range တို့ကို အဓိကထား ဖန်တီးထားမှုများကြောင့် သုံးစွဲသူများအနေဖြင့် အကြည်လင်ဆုံး၊ အသေသပ်ဆုံးနှင့် သက်သောင့်သက်သာရှိပြီး ချောမွေ့သော မျက်နှာပြင်သုံးစွဲမှု အတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။

Find X2 Pro ကို အထူးသီးသန့် ပြုလုပ်ထားသည့် Flagship Image Sensor ပုံရိပ် အာရုံခံဖြင့် တီထွင် ပြုလုပ် ထားသည်။ OPPO ၏ နောက်ဆုံးပေါ် ဓာတ်ပုံနည်းပညာများကိုပါ ထည့်သွင်းသုံးစွဲထားသည့်အတွက်ကြောင့် သုံးစွဲသူများအနေဖြင့် ဓာတ်ပုံရိုက်ကူးရာတွင်လည်း အရည်အသွေးမြင့်မားပြီး အကောင်းမွန်ဆုံး ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Find X2 တွင် Qualcomm’s 5G Flagship Chip Snapdragon 865 ပါဝင်မှုကြောင့် SA/NSA Dual-module Network ကို အပြည့်အဝ ပံ့ပိုးပေးသဖြင့် 5G Experience ကို ရရှိစေနိုင်မည် ဖြစ်သည်။