[Zawgyi]

OPPO ရဲ႕ ဒုတိယဥကၠ႒ Shen Yiren ဟာ ကုမၸဏီအေနနဲ႔ 10x Zoom ကင္မရာပါဝင္တဲ့ Flagship စမတ္ဖုန္းကို သိပ္မၾကာခင္မွာပဲ ျဖန႔္ခ်ိမယ္ဆိုတဲ့အေၾကာင္းကို ၿပီးခဲ့တဲ့ရက္ကပဲ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီေန႔မွာ ထပ္ၿပီးအတည္ျပဳထုတ္ျပန္လိုက္တာကေတာ့ ဒီစမတ္ဖုန္းကို လာမယ့္ ဧၿပီလအတြင္းမွာ တရားဝင္ျဖန႔္ခ်ိမယ္ဆိုတဲ့ အေၾကာင္းပါ။

ဒါ့အျပင္ မၾကာခင္ ထြက္ေပၚလာမယ့္ OPPO ရဲ႕ Flagship စမတ္ဖုန္းဟာ ယခင္ထုတ္ခဲ့ၿပီးသမွ် OPPO ဖုန္းေတြနဲ႔ မတူညီတဲ့ ဒီဇိုင္းကာလာအေနအထားနဲ႔ ေတြ႕ျမင္ရမွာျဖစ္တယ္လို႔လည္း Shen Yiren က ထပ္ၿပီးေျပာခဲ့ပါေသးတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ဒီစမတ္ဖုန္းမွာ Camera bumps လုံးဝမရွိဘူးလို႔ဆိုတာပါပဲ။

Shen Yiren ဟာ ကုမၸဏီရဲ႕ Flagship အသစ္ပုံစံဟာ ဘယ္လိုဆိုတာ ခန႔္မွန္းႏိုင္ဖို႔ ပုံသ႑ာန္ကို အရိပ္အေယာင္ျပတဲ့ ႐ုပ္ပုံတစ္ခုကိုလည္း လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့ပါတယ္။ ႐ုပ္ပုံအရဆိုရင္ေတာ့ ေက်ာဘက္မွာ ကင္မရာသုံးလုံးတပ္ဆင္ထားတယ္လို႔ ယူဆရပါတယ္။ ဒီပုံစံဟာ MWC 2019 မွာ ေတြ႕ျမင္ခဲ့ရတဲ့ 10x zoom တပ္ဆင္ပုံနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

OPPO ရဲ႕ အဆိုပါ Flagship စမတ္ဖုန္းသစ္ဟာ Snapdragon 855 SoC နဲ႔ ထြက္ေပၚလာမွာျဖစ္ၿပီး 4,065mAh ဘက္ထရီ တပ္ဆင္ထားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Fast Charge စနစ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒီ စမတ္ဖုန္းရဲ႕ အမည္နဲ႔ပတ္သက္ၿပီး OPPO က ဘာမွမေျပာေသးေပမယ့္ ေကာလာဟလသတင္းေတြအရ Find Z ျဖစ္တယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

10x Zoom ကင်မရာနဲ့ Flagship ကို လာမယ့်လမှာ ဖြန့်ချိမယ့်အကြောင်း OPPO အတည်ပြု

OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ Shen Yiren ဟာ ကုမ္ပဏီအနေနဲ့ 10x Zoom ကင်မရာပါဝင်တဲ့ Flagship စမတ်ဖုန်းကို သိပ်မကြာခင်မှာပဲ ဖြန့်ချိမယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ကပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနေ့မှာ ထပ်ပြီးအတည်ပြုထုတ်ပြန်လိုက်တာကတော့ ဒီစမတ်ဖုန်းကို လာမယ့် ဧပြီလအတွင်းမှာ တရားဝင်ဖြန့်ချိမယ်ဆိုတဲ့ အကြောင်းပါ။

ဒါ့အပြင် မကြာခင် ထွက်ပေါ်လာမယ့် OPPO ရဲ့ Flagship စမတ်ဖုန်းဟာ ယခင်ထုတ်ခဲ့ပြီးသမျှ OPPO ဖုန်းတွေနဲ့ မတူညီတဲ့ ဒီဇိုင်းကာလာအနေအထားနဲ့ တွေ့မြင်ရမှာဖြစ်တယ်လို့လည်း Shen Yiren က ထပ်ပြီးပြောခဲ့ပါသေးတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစမတ်ဖုန်းမှာ Camera bumps လုံးဝမရှိဘူးလို့ဆိုတာပါပဲ။

Shen Yiren ဟာ ကုမ္ပဏီရဲ့ Flagship အသစ်ပုံစံဟာ ဘယ်လိုဆိုတာ ခန့်မှန်းနိုင်ဖို့ ပုံသဏ္ဍာန်ကို အရိပ်အယောင်ပြတဲ့ ရုပ်ပုံတစ်ခုကိုလည်း လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ပါတယ်။ ရုပ်ပုံအရဆိုရင်တော့ ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားတယ်လို့ ယူဆရပါတယ်။ ဒီပုံစံဟာ MWC 2019 မှာ တွေ့မြင်ခဲ့ရတဲ့ 10x zoom တပ်ဆင်ပုံနဲ့ အတူတူပဲ ဖြစ်ပါတယ်။

OPPO ရဲ့ အဆိုပါ Flagship စမတ်ဖုန်းသစ်ဟာ Snapdragon 855 SoC နဲ့ ထွက်ပေါ်လာမှာဖြစ်ပြီး 4,065mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Fast Charge စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းရဲ့ အမည်နဲ့ပတ်သက်ပြီး OPPO က ဘာမှမပြောသေးပေမယ့် ကောလာဟလသတင်းတွေအရ Find Z ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: GSMArena