Zawgyi

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီတုန္းက ကၽြန္ေတာ္တုိ႔ဟာ ၂၀၁၉ စမတ္ဖုန္းေရစီးေၾကာင္းသစ္လို႔ ဆုိရမယ့္ Foldable ဖုန္းေတြကို စမတ္ဖုန္းထုတ္လုပ္သူေတြက အျပိဳင္အဆုိင္ ျပသခဲ့ၾကတာ ေတြ႕ခဲ့ရၿပီး အဲ့ဒီထဲမွာ Oppo ရဲ႕ Prototype တစ္ခုလည္း အပါအဝင္ပါ။ ဒါေပမယ့္ Samsung Galaxy Fold ဟာေစ်းကြက္ထဲပို႔လုဆဲဆဲမွာ ျပႆနာေတြတက္ၿပီး ေနာက္ဆုတ္ခဲ့ရသလို Huawei Mate X အေၾကာင္းလဲ ဘာမွဆက္မၾကားရေသးတဲ့အတြက္ ေလာေလာဆယ္မွာ Foldable ဖုန္းေတြ ျပန္ျငိမ္ေနခဲ့သလို ျဖစ္ေနပါတယ္။

Oppo ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တုိဘာလထဲက ကမာၻ႔ဥာဏပစၥည္းမူပုိင္ခြင့္ရုံး (WIPO) မွာ ကိုယ္ပုိင္ Foldable ဖုန္းအတြက္ Patent ေလွ်ာက္ထားခဲ့ပါတယ္။ အခုအခါမွာေတာ့ အဆုိပါဖုန္းရဲ႕ ပုံဟာ ထြက္ရွိလာခဲ့ပါၿပီ။

Foldable ဖုန္းရဲ႕ အၾကမ္းဖ်င္းေဖာ္ျပခ်က္အျပင္ ဒီဇုိင္းပုံၾကမ္းအခ်ဳိ႕နဲ႔ ကာလာစုံ Render ပုံရိပ္ေတြကိုပါ ယေန႔မွာ ျမင္ေတြ႕လာရၿပီ ျဖစ္ၿပီး ဒီဖုန္းရဲ႕ထူးျခားခ်က္ကေတာ့ Pop-up ကင္မရာကို သုံးစြဲလာတာပါ။ အခုဒီဇုိင္းဟာ သုံးစြဲသူကို ေခါက္ခ်ဳိးထားစဥ္မွာျဖစ္ေစ၊ ျဖန္႔ထားစဥ္မွာျဖစ္ေစ သက္ေတာင့္သက္သာ ဆယ္ဖီရုိက္ႏုိင္ေစမွာ ျဖစ္ပါတယ္။

Oppo ရဲ႕ခ်ဥ္းကပ္ပုံအရေတာ့ သူတုိ႔ဟာ Screen ကို အတြင္းဘက္သို႔ေခါက္မထည့္ဘဲ အျပင္ဘက္မွာ ေခါက္ခ်ဳိးၿပီး ထက္ဝက္အသုံးျပဳလို႔ရေစမယ့္ ပုံစံမ်ဳိးျဖစ္တာကို ေတြ႕ရပါတယ္။ ဖုန္းရဲ႕ပတၱာေနရာမွာ ေခါက္ခ်ဳိးစရာ ေနရာကို ထင္ရွားစြာျမင္ႏုိင္မယ့္ အျပင္ 3.5mm Audio Jack ေပါက္ ပါဝင္တာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ Patent အဆင့္သာ ရွိေသးတဲ့အတြက္ Specs တစ္ခုမွ မသိရေသးသလို Oppo ရဲ႕ VP ျဖစ္သူ Brian Shen ဟာ Foldable စမတ္ဖုန္းေတြကို သိပ္အေကာင္းျမင္သူ မဟုတ္တာေၾကာင့္လည္း ဒီစက္ရဲ႕ ေနာက္ဆုံးအေခ်ာသတ္ဗားရွင္းကို ျမင္ရဖို႔ သူ႕ၿပိဳင္ဘက္ေတြထက္ေတာင္ ၾကာေကာင္းၾကာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက ကျွန်တော်တို့ဟာ ၂၀၁၉ စမတ်ဖုန်းရေစီးကြောင်းသစ်လို့ ဆိုရမယ့် Foldable ဖုန်းတွေကို စမတ်ဖုန်းထုတ်လုပ်သူတွေက အပြိုင်အဆိုင် ပြသခဲ့ကြတာ တွေ့ခဲ့ရပြီး အဲ့ဒီထဲမှာ Oppo ရဲ့ Prototype တစ်ခုလည်း အပါအဝင်ပါ။ ဒါပေမယ့် Samsung Galaxy Fold ဟာဈေးကွက်ထဲပို့လုဆဲဆဲမှာ ပြဿနာတွေတက်ပြီး နောက်ဆုတ်ခဲ့ရသလို Huawei Mate X အကြောင်းလဲ ဘာမှဆက်မကြားရသေးတဲ့အတွက် လောလောဆယ်မှာ Foldable ဖုန်းတွေ ပြန်ငြိမ်နေခဲ့သလို ဖြစ်နေပါတယ်။

Oppo ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲက ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်ရုံး (WIPO) မှာ ကိုယ်ပိုင် Foldable ဖုန်းအတွက် Patent လျှောက်ထားခဲ့ပါတယ်။ အခုအခါမှာတော့ အဆိုပါဖုန်းရဲ့ ပုံဟာ ထွက်ရှိလာခဲ့ပါပြီ။

Foldable ဖုန်းရဲ့ အကြမ်းဖျင်းဖော်ပြချက်အပြင် ဒီဇိုင်းပုံကြမ်းအချို့နဲ့ ကာလာစုံ Render ပုံရိပ်တွေကိုပါ ယနေ့မှာ မြင်တွေ့လာရပြီ ဖြစ်ပြီး ဒီဖုန်းရဲ့ထူးခြားချက်ကတော့ Pop-up ကင်မရာကို သုံးစွဲလာတာပါ။ အခုဒီဇိုင်းဟာ သုံးစွဲသူကို ခေါက်ချိုးထားစဉ်မှာဖြစ်စေ၊ ဖြန့်ထားစဉ်မှာဖြစ်စေ သက်တောင့်သက်သာ ဆယ်ဖီရိုက်နိုင်စေမှာ ဖြစ်ပါတယ်။

Oppo ရဲ့ချဉ်းကပ်ပုံအရတော့ သူတို့ဟာ Screen ကို အတွင်းဘက်သို့ခေါက်မထည့်ဘဲ အပြင်ဘက်မှာ ခေါက်ချိုးပြီး ထက်ဝက်အသုံးပြုလို့ရစေမယ့် ပုံစံမျိုးဖြစ်တာကို တွေ့ရပါတယ်။ ဖုန်းရဲ့ပတ္တာနေရာမှာ ခေါက်ချိုးစရာ နေရာကို ထင်ရှားစွာမြင်နိုင်မယ့် အပြင် 3.5mm Audio Jack ပေါက် ပါဝင်တာကိုလည်း တွေ့ရပါတယ်။

လက်ရှိမှာတော့ Patent အဆင့်သာ ရှိသေးတဲ့အတွက် Specs တစ်ခုမှ မသိရသေးသလို Oppo ရဲ့ VP ဖြစ်သူ Brian Shen ဟာ Foldable စမတ်ဖုန်းတွေကို သိပ်အကောင်းမြင်သူ မဟုတ်တာကြောင့်လည်း ဒီစက်ရဲ့ နောက်ဆုံးအချောသတ်ဗားရှင်းကို မြင်ရဖို့ သူ့ပြိုင်ဘက်တွေထက်တောင် ကြာကောင်းကြာနိုင်ပါတယ်။

Ref – GSM Arena