Zawgyi





Ref – GSM Arena

Unicode

Oppo ကုမ္ပဏီဟာ တရုတ်ဈေးကွက်မှာ Screen ကြီးကြီးနဲ့ A9 စမတ်ဖုန်းကို တရုတ်ယွမ်ငွေ ၁,၇၉၉ (မြန်မာငွေ လေးသိန်းဝန်းကျင်) လောက်နဲ့ မိတ်ဆက်ပေးခဲ့တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် အဲ့ဒီဈေးကိုပါ ထပ်လျော့ချပေးနိုင်ဖို့အတွက် စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီက A9 ရဲ့ မန်မိုရီ 4GB ဗားရှင်းကို ထပ်ထုတ်ပေးဖို့ တာဆူနေပါတယ်။

မူရင်း A9 စမတ်ဖုန်းမှာ မန်မိုရီ 6GB RAM နဲ့ 128GB Storage တို့ပါဝင်ပြီး အခုအသစ်ထွက်မယ့် မော်ဒယ်မှာတော့ 4GB RAM နဲ့ 128GB Storage ပါဝင်လာမှာဖြစ်ကာ တရုတ်ယွမ် ၁,၃၉၉ (မြန်မာငွေ သုံးသိန်းကျော်ကျော်) အထိ ထပ်မံလျှော့ချနိုင်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင် 6GB RAM မပါလဲ 4GB လောက်နဲ့ အလုပ်ဖြစ်တဲ့သူတွေအတွက် သိသာတဲ့ ရွေးချယ်စရာဖြစ်လာမှာပါ။

Oppo A9 ဖုန်းဟာ 6.53” လက်မအရွယ် IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Notch တစ်ခု ပါဝင်ပါတယ်။ အတွင်းမှာ Helio P70 ချစ်ပ်ဆက်ကို အသုံးပြုထားတယ်။ ဆယ်ဖီကင်မရာက 16MP တစ်လုံးတည်းဖြစ်ကာ ကျောဘက်မှာလည်း 16MP အဓိကကင်မရာနဲ့ 2MP Depth Sensor တို့ သုံးစွဲထားပါတယ်။

ဒီဖုန်းအသစ်ကိုတော့ အကြိုအမှာစာလက်ခံနေပြီဖြစ်ပြီး တရုတ်ဈေးကွက်ထဲကို မေလ ၁၀ ရက်နေ့မှာ မြန်မြန်ဆန်ဆန်ပဲ ဝင်ရောက်လာမှာပါ။

Ref – GSM Arena