OPPO က UEFA Champions League ဖိုင်နယ်ပွဲ မတိုင်ခင်မှာ ကာကာလို့ လူသိများတဲ့ ဘရာဇီး ဘောလုံးသမားဟောင်း Ricardo Izecson Dos Santos Leite ကို နိုင်ငံတကာ Brand Ambassador အဖြစ် ခန့်အပ်လိုက်ပါတယ်။

Jadi BA Oppo, Kaka Bakal Kunjungi Jakarta 3 Juni Mendatang

Sao Paolo , AC Milan နဲ့ Real Madrid ကစားသမားဟောင်း ကာကာ ဟာ OPPO ရဲ့ နိုင်ငံတကာ ပွဲအခမ်းအနားတွေမှာ ပါဝင်ရမှာ ဖြစ်ပြီး OPPO Brand နဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေကို ကြော်ငြာပေးရမှာပါ။ သူဟာ ဇွန်လ ၃ ရက်နေ့မှာ အင်ဒိုနီးရှား၊ ဇွန်လ ၅ ရက်နေ့မှာ တရုတ်ကို လည်ပတ်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ ဇွန်လ ၁၀ ရက်နေ့ ကျင်းပမယ့် UEFA Champions League ဖိုင်နယ်ပွဲ ပြုလုပ်မယ့် တူရကီ နိုင်ငံ အစ္စတန်ဘူလ်မှာ နိုင်ငံတကာ Fans တွေနဲ့ တွေ့ဆုံရမှာပါ။

Kaká joins OPPO for UEFA Champions League

ကာကာဟာ ၂၀၀၇ ခုနှစ်မှာ Liverpool ကို Champions League ဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ Milan အသင်းမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ် Ballon d’Or (Golden Ball) ကို အနိုင်ရခဲ့ပြီး အီတလီ Serie A နဲ့ စပိန် La Liga တို့ကိုလည်း Real Madrid နဲ့အတူ ရယူနိုင်ခဲ့ပါတယ်။

ကာကာ က OPPO လို ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းခွင့်ရတာ စိတ်လှုပ်ရှားနေပြီး သူဟာ နည်းပညာ Fan ၁ ယောက်လို့ ပြောပါတယ်။ OPPO ရဲ့ CMO Elvis Zhou က “ ထူးဆန်းအံ့ဩစရာတွေဟာ အလိုလို ဖြစ်လာတာ မဟုတ်ဘဲ ကျွမ်းကျင်မှုကြောင့် ဖြစ်လာတာပါ။ ကာကာမှာ အဲဒီ အရည်အချင်းတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

Ref : gsmarena